လှိုင်သာယာမြို့နယ်တွင် ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၁၂)ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 1/20/2014 06:11:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၀

၂၀.၁.၂၀၁၄ ရက်နေ့ ၀၅၅၀အချိန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းအတိုင်း ထန်းတပင်မြို့နယ်ဘက်မှ လှိုင်သာယာမြို့နယ်ဘက်သို့ ယာဉ်မောင်းသန်းအောင်(ဘ)ဦးစံသိန်း၊ ထန်းတပင်မြို့နယ်နေသူ
မောင်းနှင်လာသော ၂ခ/---- ဒိုင်နာအဖြူရောင် ရွှေရန်ကုန်ခရီးသည်တင် ယာဉ်သည် မိုင်တိုင် အမှတ် ၅/၅ အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးသို့တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်(၁၂)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လှိုင်သာယာဆေးရုံတွင် အတွင်း/အပြင်လူနာများ(မစိုးရိမ်ရ)အဖြစ်
တင်ပို့ကုသခဲ့ရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းသန်းအောင်အား သောင်ကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police