အကယ်ဒမီထူးချွန်ဆုရ အနုပညာရှင်နှစ်ဦးမှ အလှူငွေများ လှူဒါန်း

ပို့စ်တင်ချိန် - 1/03/2014 10:59:00 AM







ရန်ကုန်၊ ဇန်နဝါရီ ၂။

၂၀၁၂ ခုနှစ်အတွက် ချီးမြှင့်သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူ နှစ်ဦးဖြစ်သည့် အကယ်ဒမီ ပြေတီဦးနှင့် အကယ်ဒမီ ဖွေးဖွေးတို့မှ လူမှုရေးအဖွဲ့အစည်းများသို့ အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နေ့လည် (၂း၀၀) နာရီတွင် Park Royal Hotel ၌ ပြုလုပ်ခဲ့သည်။

ယင်း အလှူငွေပေးအပ်မှုတွင် အလှူငွေ (၁၀) သိန်းကျပ်စီကို ရုပ်ရှင်သက်ကြီး ရန်ပုံငွေအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ၊ အမျိုးသမီး အသက်မွေး အတတ်ပညာသင်ကျောင်း၊ ဝိဿခါ အမျိုးသမီး စာသင်ကျောင်း၊ မေရီချက်မင်း ကလေးများ စာသင်ကျောင်း၊ ထိန်လင်းအခမဲ့ဆေးခန်း၊ လက်ပံရုပ်ရှင်ဇာတ်ကားရိုက်ကူးရာတွင် ပါဝင်သော စက်မှုအဖွဲ့၊ ပြေတည်ဦးဖောင်ဒေးရှင်းနှင့် ပုဂ္ဂလိကစာနယ်ဇင်းများ နာမကျန်း ရန်ပုံငွေအဖွဲ့တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

ဓါတ်ပုံ – သီဟသစ်
The Myanma Age