သင်္ဘောပေါက်ကွဲမှုမှ ပျောက်ဆုံးနေသူများမှ သေဆုံးလျက် သုံးဦးပြန်တွေ့

ပို့စ်တင်ချိန် - 1/01/2014 10:15:00 PM


မန္တလေး၊ ဇန်နဝါရီ ၁။

သူရိန်စိုးဝင်းသဘောင်္ ပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသူများထဲမှ ၃ဦးကိုသေဆုံးလျက်တွေ့ရှိထားကြောင်း မန္တလေးတိုင်းဒေ သကြီး တိုင်းရဲတပ်ဖွဲ့ မှုးရုံးမှ သိရသည်။

ဒီဇင်ဘာလ၂၇ရက်နေ့ က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာပုံ သဘောင်္ကျင်းတွင် နံနက် ၉နာရီ၁၅မိနစ် အချိန်ခန့်က သူရိန်ကျော်စိုးဝင်း OB -သံ-၁၁၅၅အလျား၂၄၅’၊ အနံ၄၅’၊ရေစူး၁၀’ခန့်ရှိ သဘောင်္မှာ ဆီဝမ်းလောင်တွဲမှ ၉၂အောက်တိန်းဆီ (၆)သိန်းခန့်အား ချထားပြီး ရန်ကုန်သို့ ကျောက်မျိုးစုံ(၁၈၆)ကျင်းတင်ကာ
ပြန်လည် ထွက်ခွာရန်အတွက် ကျောက်ဆူးရစ်ခုံအား အောင်ကိုဦး(ခ)အာနိုးနှင့် လွင်မိုးအောင်တို့မှ ဝရိန်ဆော်ရာမှ လက်ကျန်ဆီငွေ့ဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၄င်းဂဟေဆော်ရာတွင်ပါဝင်သည့် အာနိုးနှင့် ကျော်ဆန်းဝင်းပါ၅ဦး၊ စုစုပေါင်း၆ဦးတို့မှာ ပျောက်ဆုံးနေခဲ့ ကြောင်း သိရသည်။

ယင်းသို့ ပျောက်ဆုံးနေခြင်းကို ရှာဖွေခဲ့ရာမှ ဒီဇင်ဘာလ၃၁ရက် နံနက်၇နာရီခွဲ အချိန်တွင်၎င်းဖြစ်စဉ်ဖြစ်ပွားသည့်
နေရာနှင့်ပေ၂၅၀အကွာတွင်ပျောက်ဆုံးနေသောဇော်ဇော်(ခ)ဇော်ဇော်အောင်(၂၄)နှစ်၏ အလောင်းအား နဖူးချိုင့်ဝင်၊ ဝဲနားထင်ဖူးယောင် ဒဏ်ရာများဖြင့် ရှာဖွေတွေ့ရှိခဲ့ ပြီး ညနေ၃နာရီခွဲအချိန်တွင် ပျောက်ဆုံးနေသော အာနိုး(ခ) အောင်ကျော်ဦး၏ အလောင်းကို ရှမ်းလေးကျွန်းစုတွင် ယာမေးပုံပျက်၊ ယာလက်ဖျံကျိုးဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ပြီးမန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပိုအပ်ထားရှိကြောင်းလည်း သိရသည်။

ဇန်နဝါရီ၁ရက်နေ့ မနက်၁၁နာရီ၁၀မိနစ်အချိန်တွင် ပျောက်ဆုံးနေသော ချစ်ကို(၂၄)နှစ်၏ အလောင်းကို မန္တလေး
ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်အပ်နှံထားကြောင်းလည်း သိရသည်။

လူလူ
The Myanma Age