မန္တလေးသတင်းထောက်များ ဆန္ဒပြခွင့် ပယ်ချ

ပို့စ်တင်ချိန် - 1/05/2014 03:40:00 PM




ရန်ကုန်၊ ဇန်န၀ါရီ ၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် လက်မခံ ကန့် ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခွင်ကို မန္တလေးတိုင်းဒေသကြီး
aအာင်မြေသာစံ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြင်းပယ်ခဲ့ကြောင်း မန္တလေးခေတ်သတင်း ဂျာနယ်မှ အယ်ဒီတာချုပ် ဦးမင်းဒင်က
ပြောကြားသည်။

ရန်ကုန်မြို့ အခြေစိုက် မြန်မာဂျာနယ်လစ်ကွန်ယက်၏ ဆန္ဒ
ထုတ်ဖော်ခွင့် မြို့နယ် ၅မြို့နယ်က ခွင့်ပြုပေးခဲ့သော်လည်း
မန္တလေးတွင် ခွင့်ပြုခြင်း မရှိဟု ဆန္ဒပြပွဲစီစဉ်သူများက
ပြောကြားသည်။

တရားရေး မဏ္ဏိုင်တွင်လွတ်လပ်စွာစီရင်နေခြင်း၊ တရားသူကြီး ဆုံးဖြတ်ချက်အား မကျေနပ်ပါက အယူခံတက်နိုင်ခြင်း၊ တရား
စီရင်မှု မှားယွင်း မှုကို သက်ဆိုင်ရာမှ ပြစ်ဒဏ်ချမှတ်ခြင်းများ
ပြုလုပ်နေခြင်းနှင့် ယာဉ်ကြောရှုပ်ထွေးသည့် လမ်းကြောင်း
ရွေးချယ်ထားခြင်းတို့ကို အကြောင်းပြချက်ပေး ရဲက ငြင်းပယ် ခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဒင်က ဆိုသည်။

ဇန်န၀ါရီလ ၇ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် အင်အား ၂၀၀
ဝန်းကျင်ခန့် ၂၆လမ်းနှင့် ၆၆လမ်းထောင့်မှစတင်ကာ မန္တလေး ကျုံးတောင်ဘက်သို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရန် ဇန်န၀ါရီလ ၁ရက်နေ့က စာတင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်
ပြောကြားသည်။

သတင်းထောက်များ တင်ပြထားသည့်လမ်းက ဗဟိုလမ်းမ
ကြီးက အဓိကလမ်းကြီးဖြစ်နေပြီး ယာဉ်ကြောရှုပ်ထွေး၍
ခွင့်ပြုမိန့်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ကန့်ကွက်
ခြင်းဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လမ်းကြောင်းပြင်ဆင်ပြီး တင်ရင် ထွေအုပ်ကို ပြန်တင်ပေး
သွားမယ်” ဟု ၎င်းက ဆိုသည်။

Eleven Media Group မှ သတင်းထောက် မခိုင်(ခ) နော်ခိုင်
ခိုင်အေးချိုအား သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော်နင်းမှု
အပါအ၀င် ပုဒ်မ သုံး ခုဖြင့် လွိုင်ကော် မြို့နယ်တရားသူကြီးရုံးမှ ဒုမြို့နယ်တရားသူကြီးက ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့က
ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် ရန်ကုန် နှင့် မန္တလေးမှ သတင်း
သမားများ စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့ သတင်းသမားများသည် ဇန်န၀ါရီလ ၇ ရက်နေ့
နံနက် ၉နာရီ တွင် မဟာဗန္ဓုလပန်းခြံရှေ့တွင် တာမွေမြို့နယ်
Eleven Media Group ရုံးအထိ မြို့နယ် ၅မြို့နယ် ဖြတ်သန်း၍ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်။

သက်သက်မိုးသူ
People power