စစ်တပ် ကိုယ်စားလှယ်ပါဝင်မှု လျှော့ချရေး အင်ဒိုနီးရှားနှင့်ဆွေးနွေး

ပို့စ်တင်ချိန် - 1/16/2014 12:20:00 AM


လွှတ်တော်များအတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို လျှော့ချရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ် များနှင့် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ယနေ့ ဇန်နဝါရီလ(၁၅)ရက်ေ်န့  နံနက်၁၀ နာရီတွင် တွေ့ဆုံ ဆွေးနွေး နေကြောင်း အမည်မဖော်လိုသူ တပ်မတော် အရာရှိ တစ်ဦးက ပြောကြားသည်။

အဓိက ဆွေးနွေးသည့် အကြောင်းအရာမှာ လွတ်တော်တွင် တပ်မတော် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ပါဝင်နေမှု လျှော့ချရေးနှင့် အင်ဒိုနီးရှား နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးတွင် အင်ဒိုနီးရှား တပ်မတော်၏ ပါဝင်မှု ဆောင်ရွက်မှု များကို ဆွေးနွေးကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာတပ်မတော်မှ အဆင့်မြင့်အရာရှိများ၊ လွှတ်တော် ၃ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များနှင့် အင်ဒိုနီးရှား တပ်မတော်မှ အရာရှိများ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး နေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ကမ္ဘာပေါ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းရာတွင် နိင်ငံရေး သိပံ္ပပညာရှင်များက အင်ဒိုနီးရှား နိုင်ငံကို စံထားပြော ဆိုလေ့ ရှိသကဲ့သို့ မြန်မာနိင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရာတွင် အင်ဒိုနီးရှားနိင်ငံ၏ ဂိုအာပါတီနှင့် ဖွဲ့စည်းပုံ လေ့လာမှု ရှိခဲ့သည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်တစ်ဦးက ပြောကြားသည်။

People power