ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ် ပြီးဆုံး

ပို့စ်တင်ချိန် - 1/19/2014 05:41:00 PM


ဘားအံ၊ မဇ္ဈိမ။ ။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကပ္ပလီရွာတွင် ဇန်နဝါရီလ ၁၉ရက် နံနက် ၁၀နာရီမှ ၁၂နာရီလောက်အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲ လုပ်ခဲ့ကြောင်း ထိုနေရာတွင် ရောက်ရှိနေသည့် မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

ကပ္ပလီရွာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ဖူးပြီး ဗိုလ်ချုပ်သွားရောက်ခဲ့စဉ်က ရှိခဲ့တဲ့ ကရင်ခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်သူ အသက် ၉၄နှစ် အရွယ်ရှိ ဒေါ်နော်ဒါးနဲ့တွေ့ဆုံကာ စကားပြောခဲ့သည်။

ထို့သို့ တွေ့ဆုံအပြီးတွင် ဘားအံမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ဇွဲကပင်ဟိုတယ်၌ နေ့လည်စာစားကာ နေ့လည် ၂နာရီတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

Mizzima Burmese