ကချင်တွင်ပစ်ခတ်ခံရ၍ ၆ဦးသေ၊ ၃ဦးဒဏ်ရာရ တပ်မတော်သားများထဲတွင် ရခိုင်များလည်းပါဝင်

ပို့စ်တင်ချိန် - 1/14/2014 12:30:00 PM


ကချင်ပြည်နယ် ကားမိုင်းမြို့နယ် မြစ်ကြီးနား-ဖါးကန့်လမ်းပေါ်ရှိ နန့်ယားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီက ပစ်ခတ်မူ ဖြစ်ပွားရာ တပ်မတော်သား ၆ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိသွားကြောင်း Daily Eleven အရ သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာသူများထဲတွင် ရခိုင်လူမျိုး တပ်မတော်သားများလည်း ပါဝင်ကြောင်း သိရသည်။

သေဆုံးသူများ (၆) ဦးမှာ ခလရ ၁၄၀ မှ ဗိုလ်ကြီး ဇင်မျိုးနိုင်၊ တပ်ကြပ်အေးထွန်း၊ တပ်ကြပ် မြတ်ကျော်၊ ဒုတပ်ကြပ် ကျောမျိုးထွန်း၊ တပ်သားမြင့်ကျော်၊ တပ်သား လင်းနိုင်အောင်တို့ ဖြစ်ကြသည်။

ဒဏ်ရာရ၍ မြစ်နာကြီးဆေးရုံသို့ ပို့လိုက်ရသူ (၃) ဦးမှာ တပ်ကြပ် ဇော်ဦး၊ တပ်ကြပ် အောင်ကျော်စိန်နှင့် တပ်သား ရဲမင်းဦးတို့ ဖြစ်ကြသည်။

၎င်းပစ်ခတ်မူနှင့် ပတ်သက်၍ မည်သူက ပစ်ခတ်သည်ဟု အတိအကျ မသိရသေးသော်လည်း တပ်မတော်ဘက်မှ KIA ၏ လက်ချက်ဟု ပြောကြားပြီး ဒေသအတွင်းကလာသော သတင်းတွင်မူ အချင်းချင်းဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
Narinjara