ဂျပန်နှမ်းအားဆီကြိတ်မှုထက် ပြည်ချိန်ရာင်းချမှုပိုမိုများပြားလာ

ပို့စ်တင်ချိန် - 1/09/2014 08:40:00 AM


ကျောက်မဲ၊ ဒီဇင်ဘာ ၈။
ကျောက်မဲဒေသအတွင်းသီးထပ်အဖြစ် စိုက်ပျိုးသည့် ဂျပန်နှမ်းအားယခင်ကဲ့သို့ ဆီကြိတ်စားသုံးမှု မရှိတော့ဘဲ
ပြည်ချိန်ရောင်းချမှုသာများပြားလာကြောင်းသိရှိရသည်။
ဂျပန်နှမ်းမှာဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီးပြောင်းသိမ်းချိန်အပြီးတွင် သီးထပ်အဖြစ် ထပ်မံစိုက်ပျိုးကြကြောင်းသိရှိရသည်။
” အရင်တုန်းကတောင်သူတွေဟာဒီဂျပန်နှမ်းကိုဆီကြိတ်ပြီးစားကြတာ၊ အခုတော့ ပြည်ချိန်နဲ့ပဲရောင်းပြီးဒီ့ပြင်ဆီနဲ့ လဲစားကြတယ်၊ ထွက်တဲ့ဂျပန်နှမ်းတိုင်းကိုပွဲစားတွေက ကြိုငွေပေးထားပြီးသား၊ ဒီတော့ ရသမျှ ပွဲစားတွေကို ပြန်သွင်းလိုက်ကြတာ များတယ်” ကျောက်မဲဒေသဂျပန်နှမ်းစိုက်ပျိုးသူတစ်ဦးမှ ပြောသည်။
ဂျပန်နှမ်းဈေးနှုန်းမှာတစ်ပြည်လျှင် ကျပ်တစ်ထောင်ဈေးနှုန်းရှိနေပြီးစိုက်ပျိုးမှုအတွက်လည်းလွယ်ကူကြောင်းသိရှိရသည်။
“ပြောင်းစိုက်ထားတဲ့မြေကို ပြန်ထွန်ပြီးတော့ ဒီဂျပန်နှမ်းကို ကြဲလိုက်ရုံပဲ၊ ကြဲတဲ့အချိန် မိုးမှီရင် အထွက်နှုန်း ကောင်းတယ်၊ မိုးမမှီရင်တော့ အထွက်နှုန်း သိပ်မကောင်းပါဘူး”ဟု ကျောက်မဲမြို့၊
ခိုအုံရွာမှ ဂျပန်နှမ်းစိုက် တောင်သူနန်းမေဦးမှ ပြောသည်။
မိုးမီပါက တစ်ဧကလျှင် ဂျပန်နှမ်း (၃) အိတ်အထိ ထွက်ရှိပြီးမိုးမမီပါကတစ်ဧကလျှင် တစ်အိတ်ခွဲခန့်သာ ထွက်ရှိကြောင်း သိရှိရသည်။ ဆီထွက်သီးနှံ ဂျပန်နှမ်းအား ပွဲစားများမှ ဆီကြိတ်ရာ ဆီစက်များသို့ ပြန်လည် ရောင်းချကြပြီး စားသုံးဆီ ထုတ်လုပ်ရာတွင် ဆီစက်များမှ ပြန်လည်ရောစပ် အသုံးပြုကြကြောင်း ဒေသခံတောင်သူများ အကြားတွင်မူ ဆီကြိတ်စားသုံးမှု နည်းပါးလာကြောင်းသိရှိရသည်။
စိုင်းကံသာ (လားရှိုး)
The Myanma Age