စည်ပင်က မဟုတ်ပေမဲ့ လမ်းပေါ်မှာ နေ့တိုင်းတံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်တဲ့ မော်တော်ပီကယ်ကို ပြည်သူများချီးကျူးနေ

ပို့စ်တင်ချိန် - 1/17/2014 07:40:00 AM


အခု ဓါတ်ပုံထဲက မော်တော်ပီကယ်ကတော့ ကလေးမြို့ လမ်းဆုံမှာ တာဝန်ကျလေ့ရှိတဲ့ ရဲဘော်ဖြစ်ပါတယ်။ နံနက်ပိုင်း ညနေပိုင်း ဆိုရင် လမ်းသွားလမ်းလာတွေ ပစ်ချထားခဲ့တဲ့ အမှိုက်တွေကို တံမျက်စည်းနဲ့ လှဲကျည်းလေ့ရှိပြီး လမ်းသွားလမ်းလာများ အဆင်ပြေစေရန် ကိုယ့်အသိစိတ်နဲ့ ရှင်းလင်းပေးလေ့ရှိတာကို မြို့ခံလူတော်တော်များများက သတိထားမိလာကြပါတယ်။ သူ့တာဝန်နဲ့ ဘာလားလားမှ မဆိုင်တဲ့ စည်ပင်သန်ရှင်းရေးအလုပ်ကို စေတနာနဲ့ ဘယ်သူမှ မခိုင်းရဘဲ လုပ်ပေးလေ့ရှိတဲ့ အမည်မသိ မော်တော်ပီကယ်ကို ဒီကနေ ဂုဏ်ပြုလိုက်ပါတယ်။ ဒီလို စိတ်ဓါတ်ကို လေးစားတယ်ဆိုရင်... ရှယ်.. လိုက်..
မော်တောပီကယ်တွေ တာဝန်ထားဆောင်တဲ့နေရာက လူများတဲ့လမ်းမပေါ်မှာဆိုတော့ လူတွေကသာ အမှတ်တမဲ့သတိမထားမိကြတာ.. ဒါမယ့် သူတို့ကတော့ လမ်းသွားလမ်းလာတွေကို တာဝန်အရသော်၎င်း၊ စေတနာနဲ့သော်၎င်း၊ သတိနဲ့ကြည့်လေ့ရှိပါတယ်။ ကူညီသင့်တာရှိရင်လဲ လမ်းမကူးတတ်သူကိုလဲ ကူညီလိုက်တာတွေကို တွေ့ရပါတယ်။

ဓါတ်ပုံ အောင်နိုင်
By I Love  Myanmar