ခိုးမှုပြစ်ချက်ဟောင်းရှိသူများအား မသင်္ကာဖမ်းဆီးစစ်ဆေးရာမှ ခိုးမှု(၁)မှုပေါ်

ပို့စ်တင်ချိန် - 1/23/2014 06:37:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခိုးမှုဖောက်ထွင်းမှုများမှ တရားခံများဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းစဉ် ၆.၁.၂၀၁၄ရက်နေ့ ၁၆၀၀အချိန်ခန့်တွင် ခိုးမှုပြစ်ချက်ဟောင်းရှိသည့် ဒေါပုံမြို့နယ်၊
နွယ်အေးရပ်ကွက်နေ သူများဖြစ်သော သားကြီး(ခ)စိုးမင်းနိုင် (ဘ)ဦးလှရွှေနှင့် ပေါတာ(ခ)အရိုး(ခ)ချစ်ဦး(ဘ)ဦးလှရွှေတို့(၂)ဦးအား
နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်းပေါ်၌ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးရာ၂၀.၁၂.၂၀၁၃ရက်နေ့ ၀၄၀၀အချိန်ခန့်က ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းထောင့်ရှိ အဟောင်းပစ္စည်းများရောင်း/၀ယ်သည့် ဆိုင်အတွင်း ၀င်ရောက်ကာ သံထည်၊ကြေးပြား၊ကြေးနန်းကြိုးအတိုအစများ စုစုပေါင်းအလေးချိန် (၂၂)ပိဿာကျော်ခန့်အားခိုးယူရောင်းချထားခဲ့ကြောင်းပေါ်ပေါက်သဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၁၄/၂၀၁၄၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police