ကမ္ဘာအ၀န်း ၂၀၁၃ ခုနှစ်တွင် သတင်းထောက် ၇၀ အသတ်ခံခဲ့ရ

ပို့စ်တင်ချိန် - 1/01/2014 01:22:00 PM


၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာအ၀န်းတွင် သတင်းထောက် အနည်းဆုံး ၇၀ အသတ်ခံခဲ့ရတယ်လို့ Protect Journalists အမည်ရှိတဲ့ ကော်မီတီ တစ်ခုက ပြောပါတယ်။

အဲဒီအထဲမှာ ၂၉ ဦးကတော့ ဆီးရီးယား ပြည်တွင်းစစ်မှာ အသတ်ခံခဲ့ရပြီး ၁၀ ဦးကတော့ အီရတ်နိုင်ငံမှာ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၆ ဦးကတော့ အီဂျစ်မှာ အသတ်ခံခဲ့ရပြီး အဲဒီအထဲက တစ်ဝက်ကျော်ကတော့ လွန်ခဲ့တဲ့နှစ် သြဂတ်စ်လ ၁၄ ရက်နေ့ က အီဂျစ်မှာဖြစ်ပေါ်ခဲ့တဲ့ အစိုးရက ဆန္ဒပြသူတွေကို နှိမ်နှင်းမူ အတွင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

Burmesenews narinjara