သတိဘောင်းဘီတို၊ ရှည် စကတ်အကွဲများဝတ်ဆင်၍ ရင်ပြင်တော်ပေါ်သို့ မတက်ရဟု ဆိုသော်ငြားလည်း

ပို့စ်တင်ချိန် - 1/02/2014 03:00:00 PM


မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးသို့လာရောက်ဘုရားဖူး
 မြော်သူများအတွက် တားမြစ်ချက်များမှ အချို့ကိုဘုရားဖူးအမျိုးသမီးများမှချိုးဖောက်နေဆဲ ဖြစ်သည် ဟုကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဝင်များထံမှ သိရှိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအ၀င်မုဒ်ဦး တွင် “သတိဘောင်းဘီတို၊ ရှည် စကတ်အကွဲများဝတ်ဆင်၍ ရင်ပြင်တော်ပေါ်သို့ မတက်ရ”ဟူ သောသတိပေးတားမြစ်ချက်ကို တွေ့မြင်ရပါသည်။

စေတီတော်မြတ်ကြီးအနားသို့ သွားရာစင်္ကြံအ၀တွင်“သတိ ဘုရားဝင်းအတွင်းသို့ ဆံရှည် ထားသူများ၊ဘောင်းဘီတို၊ ခြေ အိတ်၊ စွပ်ကျယ်နားကပ်၊ နားကွင်းဝတ်ဆင်သူများ မ၀င်ရ”အမျိုးသမီးများ မ၀င်ရဟူသော သတိပေး တားမြစ်ချက်များ ထုတ်ပြန်သတိပေးရသည်အထိ ဖြစ်လာကြောင်းကိုလည်း မြင် တွေ့နေရသည်။

“ဘောင်းဘီတို၊ရှည် စကတ် အကွဲများ ၀တ်ဆင်ပြီးတော့ ရင် ပြင်တော်ပေါ် မတက်ရလို့ တား မြစ်ချက်တွေ ထုတ်ပြန်ထားပေ မယ့် လူအရမ်းများတဲ့နေ့ဆိုမနိုင်ဘူးလွတ်သွားတာတွေရှိ တယ်”ဟု ကျိုက်ထီးရိုးဘုရား ရင် ပြင်တော်ပေါ်မှလုံခြုံရေးဝန်ထမ်း တစ်ဦးကဆိုသည်။ ဘုရားမုခ် အ၀င်ဝနှင့် မလှမ်းမကမ်းနေရာများတွင်အမျိုးသမီးယာယီအ၀တ် လဲခန်းများ ထားရှိပေးကြောင်းကို လည်း ၄င်းက ဆက်ပြောသည်။

ဘုရားအ၀င်ဝတွင် ဂေါပက အဖွဲ့များလုံခြုံရေးများက ကင် မရာ မယူရပါရင်ထားခဲ့ပါဟု ကြေငြာနေပြီး ဘုရားဝင်းအတွင်း ၀င်ရောက်သူ အမျိုးသားများကိုတစ်ဦးချင်းလုံခြုံရေးအရ စစ် ဆေး၍ ၀င်ခွင့်ပြုကြောင်း မြင် တွေ့ရပါသည်။

အဆိုပါ သတိပေးတားမြစ် စာတန်းကို မြင်တွေ့ခြင်းမရှိသော မြန်မာအမျိုးသမီးများ (သို့မ ဟုတ်)မြန်မာစာမဖတ်တတ်သော အမျိုးသမီးအချို့မှာ ဘောင်းဘီဝတ်၍ရင်ပြင်တော်ပေါ်သို့ တက် ရောက်သည်ကိုလည်း မြင်တွေ့ နေရဆဲဖြစ်သည်ဟု ဘုရားဖူး အချို့က ဆိုသည်။

“နိုင်ငံခြားသူတွေတောင် ရင်ဖုံးဝတ်ပြီး ဘုရားပေါ်တက်နေ တဲ့အချိန်မှာ မြန်မာအမျိုးသမီး အချို့ကဘုရားပေါ်ကို ဘောင်းဘီ ရှည်၊ စကပ်ဝတ်တက်နေကြတာအရမ်းရုပ်ဆိုးလွန်းပါတယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဘုရား ဖူးအမျိုးသမီးတစ်ဦးက ပြော သည်။

ကာလဒေသအချိန်အခါ နှင့် လိုက်လျောညီထွေစွာ ၀တ် ဆင်ရန်နှင့် သတိပေးတားမြစ် ချက်များကို အမျိုးကောင်းသား သမီးတိုင်းက လိုက်နာရန်လိုအပ်ကြောင်းကိုလည်း သူမက ဆက်ပြောသည်။

မိမိတိုင်းပြည်မှ အဖိုးတန် နေရာဒေသများ၊ ကမ္ဘာကပင် အသိအမှတ်ပြုထားသော တန်ခိုး ကြီးစေတီတော်များ ဘုရား ကျောင်းကန်များတွင် မြန်မာ အမျိုးသမီးတိုင်းကရိုသေလေး စားစွာဖြင့် မိမိတို့ရိုးရာ ယဉ်ကျေး မှုကို ထိန်းသိမ်းသင့်ကြောင်းကို လည်း ဘုရားဖူးအချို့က အကြံပြု ပြောဆိုမှုများရှိလာသည်။

မမ-လားရှိုး(မြစ်မခ)
Hot News Journal