ဖယောင်းတိုင်မှ တစ်ဆင့် မီးလောင်မှု ကျိုင်းတုံတွင် ဖြစ်ပွား

ပို့စ်တင်ချိန် - 1/12/2014 02:40:00 PM


မီးလောင်ကျွမ်းခဲ့သော နေအိမ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - နဒီဧရာ
ကျိုင်းတုံ ၊ ဇန်နဝါရီ ၁၀ ။   ။ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့ အမှတ်(၁) ရပ်ကွက် ရဲဘော် ဟောင်းရွာ မိတ္ထီလာ-တောင် ကြီး-ကျိုင်းတုံ-တာချီလိတ်ပြည် ထောင်စုကားလမ်းမကြီးဘေး အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်း ရှေ့အနီး တွင် ဇန် နဝါရီ ၉ရက် ည ၁ဝနာရီ ၁၀ မိနစ်ခန့်က ဖယောင်းတိုင်မီး ထွန်းထားခဲ့ရာမှတစ်ဆင့် အောက်ခံပလတ်စတစ် အဝတ် ဗီရိုသို့ မီးကူးစက်ခဲ့ကာ ထိုမှ နေအိမ်သို့ မီးကူးစက်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက် ည ၁ဝနာရီ ၁ဝမိနစ်ခန့် က ကျိုင်းတုံမြို့ အမှတ်(၁)ရပ် ကွက် ရဲဘော်ဟောင်းရွာ မိတ္ထီ လာ-တောင်ကြီး-ကျိုင်းတုံ-တာ ချီလိတ် ပြည်ထောင်စုကားလမ်း မကြီးဘေး အမှတ်(၄)အခြေခံ ပညာ အထက်တန်း ကျောင်းရှေ့ အနီးရှိ ကျိုင်းတုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆ ရာမဖြစ်သူ ဒေါ်ဂျူလီအယ်နာ ၃၄နှစ်(ဘ) ဦးကျော်ဦးပိုင်ဆိုင် နေထိုင်သည့်နေအိမ်အတွင်း လျှပ်စစ်မီးပြတ်တောက်နေချိန် ဖယောင်း တိုင်အား အဆင့်ငါး ဆင့်ရှိ ပလတ်စတစ်အဝတ်ဗီ ရိုပေါ်တွင် ထွန်းထားခဲ့ပြီးနောက် အိပ်ပျော်သွားခဲ့ချိန်တွင် အဆို ပါဖယောင်းတိုင်မီးမှ ပလတ်စ တစ်အဝတ်ဗီရိုအား မီးကူးစက် ခဲ့ပြီး ထိုမှတစ်ဆင့် ပင်မနေအိမ် (အုတ်စိမ်း အကာ၊ သွပ်မိုးတစ်ထပ်)သို့ မီးကူးစက်လောင် ကျွမ်းခဲ့သည့်အပြင် နေအိမ် ၏ဘေးဘက်ရှိ ပိတ်ထားသော ကိုသားကြီး၏ ဆိုင်ကယ်ဝပ် ရှော့ဆိုင် (သစ်သားထရန်ကာ၊ သွပ်မိုးတစ်ထပ်)အား မီးကူး စက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ သောကြောင့် ရှမ်းပြည် နယ် ပြည်နယ်ဒုတိယအုပ်ချုပ်ရေး မှူး၊ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေး မှူး၊ ကျိုင်းတုံမြို့နယ် အုပ်ချုပ် ရေးမှူး၊ ရှမ်းပြည်နယ်ပြည် နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ကျိုင်း တုံခရိုင်ရဲတပ်ဖွဲ့မှူး၊ ကျိုင်းတုံ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျိုင်းတုံမြို့ မြို့မ ရဲစခန်းမှူး၊ တာဝန်မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တွဲဖက်ပြည် နယ်မီးသတ်ဦးစီးဌာနမှူး၊ ကျိုင်းတုံမီးသတ်ဦးစီးဌာနမှူး၊ ကျိုင်းတုံမြို့ မီးသတ်စခန်းမှူး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၂၀၊ အရန်တပ်ဖွဲ့ဝင် ၂၅ဦးတို့သည် အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးသတ်ယာဉ် ငါးစီးဖြင့် ကျိုင်းတုံတပ် နယ်တွင်းမှ တပ်မတော်သား များ၊ ကြက်ခြေနီသူနာပြုတပ် ဖွဲ့ဝင်များ၊ နှလုံးလှပိုင်ရှင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ လုပ်သားပြည်သူများနှင့် ပူး ပေါင်းကာ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြရာ ည ၁ဝနာရီခွဲတွင် မီး ငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ဒေါ်ဂျူလီအယ်နာ၏ အုတ်စိမ်း ကာ၊ သွပ်မိုးတစ်ထပ်နေအိမ် တစ်လုံး၊ နေအိမ်ဘေးကပ်လျက် တွင်ရှိသော ကိုသားကြီး၏သစ် သားထရန်ကာ၊ သွပ်မိုးတစ်ထပ် ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ဆိုင်၊ ဆိုင်ကယ် ဝပ်ရှော့ ဆိုင် အတွင်း ရှိဆိုင်ကယ်တစ်စီး၊ (အမျိုးအစား စိစစ်နေဆဲ)၊ စက်ဘီးနှစ်စီး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ ကြောင်း၊ စုစုပေါင်း မီးလောင် ကျွမ်းပျက်စီးဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးအနေဖြင့် ကျပ် ၈၉၇၅၀ဝ ဖြစ်ကြောင်း၊ လူတိရစ္ဆာန် ထိ ခိုက် ဒဏ်ရာ ရရှိမှုများမရှိခဲ့ ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်း မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မီး အား ပေါ့ဆစွာအသုံးပြုခဲ့သူ ဒေါ်ဂျူလီအဲယ်နာအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် မှု ပြုလုပ်ပေးပါရန် ကျိုင်းတုံ မြို့ မြို့မရဲစခန်းမှ ဒုတိယရဲ အုပ် မင်းညွန့်အောင်က တရား လိုပြုလုပ် တိုင်တန်းချက်အရ ကျိုင်းတုံမြို့ မြို့မရဲစခန်းမှ မီး လောင်မှုကို (ပ)၃/၂၀၁၄၊ ပြစ် မှုပုဒ်မ ၂၈၅ဖြင့် အမှုစစ်အရာ ရှိ ဒုတိယရဲအုပ် ဝင်းထွန်းဦးက ရေးဖွင့်၍ စစ်ဆေးဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။

နဒီဧရာ
Yangon Media Group