အကြွေးဖြင့် လယ်ယာမြေ၊ အိမ်ခြံမြေအသိမ်းခံရသော ကျေးရွာသုံးရွာမှ တောင်သူများ သတင်းစာရှင်းလင်းပွဲပြုလုပ်

ပို့စ်တင်ချိန် - 1/02/2014 07:15:00 AM


အောင်လံ၊ ဇန်နဝါရီ ၁။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် အတွင်းရှိ လက်ပန်ကန်၊ အောင်ညီသာ၊ ငမဲကန်ကျေးရွာများမှ အတိုးဖြင့် ငွေချေးမိရာက မိမိတို့၏ လယ်ယာမြေများ အသိမ်းခံခဲ့ရသော တောင်သူများကသတင်းမီဒီယာများ နှင့်တွေ့ဆုံ သတင်းစာရှင်းလင်းပွဲအားဒီဇင်ဘာလ(၃၀)ရက်နေ့တွင် အောင်ညီင်္သာကျေးရွာ ရှိ တောင်သူ ဦးဝင်းနိုင်ဌေး၏ နေအိမ်၌ ပြုလုပ်ခဲ့သည်။

“ကျွန်မဆိုရင် ၂၀၀၈ခုနှစ်တုန်းက ငွေသုံးသိန်းချေးမိတာ၊ တစ်ရာတစ်ဆယ်တိုးနဲ့ အဲဒါအတိုးအဖြစ် ကြံစိုက်ပြီးသားတွေကို ခုတ်ပြီး ကြံသကာ(၁၉၈)ဒယ်ချက် တန်ဖိုး(၇)သိန်းဖိုးခန့်နဲ့ ငွေသားချည်း ငွေတစ်သိန်းခွဲလည်း ဆပ်ပြီးပါပြီ၊ အဲဒါ အတိုးအရင်းပေါင်း တွက်ထားပြီး ခု သိန်းနှစ်ဆယ်နဲ့ငါးသောင်းဆပ်မှ သိမ်းထားတဲ့ ယာသုံးဧကပြန်ပေးပြောတာ၊ ခုတော့သူတို့နာမည်နဲ့ ပုံစံ(၇)ရသွားပါပြီ” ဟု ယာသိမ်းခံရသော တောင်သူတစ်ဦးဖြစ်သည့် လက်ပန်ကန်ကျေးရွာမှ မနွဲ့ရ်ီက ပြောသည်။

အခြားလယ်ယာမြအသိမ်းခံရသောတောင်သူတစ်ဦးဖြစ်သည့် တောင်ညီသာရွာနေဦးခင်မောင်မြင့်က လည်း “ စိုက်စရိတ်လိုလို့ငွေချေးမိတာပါ၊ အတိုးအဖြစ်က အဲယာခင်းတွေကထွက်တဲ့သီးနံ့တွေကို သူတို့ကိုယ် တိုင် လာရောင်းယူယူသွားနေတာပါ၊ အဲလိုပေးရတာတောင် မကြေလို့ထပ်ချေးရ၊ ဖြစ်ရော၊ အရင်းနှစ်သိန်းကို အတိုးက ကိုးသိန်းခွဲဖြစ်နေတာ” ဟုပြောပြပါသည်။

တောင်သူတစ်ဦးဖြစ်သော ဒေါ်အေးအေးခိုင်ကလည်း “ အရင်းက နှစ်သိန်းကို အတိုးက ကိုးသိန်းခွဲဖြစ်နေတာ၊ သီးနှံထွက်တော့ သူတို့ကိုယ်တိုင်လာရောင်းယူတာ မကြေလို့ထပ်တောင်ချေးရတယ်၊ သီးနှံကိုကိုယ်တိုင်လာ ရောင်းယူရမှချေးမယ်ပြောတော့ လေးနှစ်တိတိ ယာလေးဧကခွဲက ထွက်တဲ့သီးနှံကို  သုံးပုံပုံ တစ်ပုံပေးခဲ့ရ တယ် အဲဒါတောင်  ပေးတာက အတိုးလို့ပြောပြီး ကိုးသိန်းခွဲပေးမှ ယာပြန်ပေးမယ် ပြောတော့တာပဲ” ဟု ပြောသည်။

ငွေစတင်ချေးယူစဉ်အခါက  ငွေတစ်ရာလျှင်း တစ်ဆယ်အတိုးနှုန်းဖြင့်(၅)လ(၆)လစာ အတိုးငွေများအားထည့် ပေါင်းကာ ငွေယုံကြည်အပ်နှံခြင်း စာချုပ်ချုပ်ဆိုပေးခဲရကြောင်း ၊ လပြည့်သော၍မဆပ်နိုင်သောအခါတွင် ထိုအတိုးအရင်းများပေါင်းကာ အရင်းအဖြစ်ထပ်မံစာချုပ်ချုပ်ဆိုပေးခဲ့ရကြောင်းလည်း တက်ရောက်လာသူ တောင်သူများ၏ ပြောပြချက်အရသိရှိရသည်။

စတင်ချေးယူစဉ်အခါက လယ်ယာမြေများ အာမခံသဘောဖြစ့်သာ ခဏစာချုပ်ချုပ်မည်ဟုပြောဆိုထား ခဲ့ခြင်းဖြစ်ပြီး  သိမ်းဆည်းခံရသော ယာမြေများလည်း မြေယာမှတ်ပုံတင်ပြုလုပ်သောအခါတွင် မူ သူတို့၏နာမည်သာပုံစံ(၇)၊ ပုံစံ(၇)များရယူသွားကြောင်းလည်း၎င်းတို့၏ပြောပြချက်အရ သိရသည်။

ကျေးရွာသုံးရွာရှိ လယ်ယာမြေများ အားအကြွေးဖြင့် သိမ်းယူခဲ့သူ ဟုတောင်သူများကပြောပြသူများ မှာ အောင်ညီသာ ကျေးရွာမူလတန်းလွန်ကျောင်းတွင် ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေသူ ဒေါ်နေခြည်လှိုင် နှင့် ၎င်း ၏ခင်ပွန်းတို့ဖြစ်ပြီး အထက်ပါသတင်း စာရှင်းလင်းပွဲသို့တက်ရောက်ရန်း ဖိတ်စာဖြင့် ဖိတ်ကြားခဲ့သော် လည်း တက်ရောက်လာခြင်းမရှိပေ။

ထို့အပြင် အထက်ပါ သတင်းစာရှင်းလင်းပွဲအား အောင်လံမြို့နယ် ရဲစခန်းတွင် တရားဝင် ခွင့်ပြုချက်ရယူခဲ့ပြီး အောင်လံမြို့နယ် ရဲစခန်း၊ အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဌာနနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေ မှုးတို့အား ဖိတ်ကြားခဲ့သည်ဟု သိရသော်လည်း တက်ရောက်လာခြင်းမရှိပေ။

ယခုလက်ရှိတွင်မူ လယ်သိမ်းခံတောင်သူများမှာ အောင်လံမြို့နယ်တရားရုံူးတွင် တရားစွဲဆိုခံထားရပြီး၊ တောင်သူများဘက်ကလည်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်း  ဗဟို လယ်ယာမြေအသုံးချရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ သို့ အသနားခံ တင်ပြတိုင်ကြားထားကြောင်းလည်း သိရပါသည်။

ထို့အပြင် သိမ်းဆည်းထားသောယာမြေများပေါ်ရှိ စိုက်ပျိုးထားရှိသော ကြံများအားလည်း ခုတ်ယူခွင့်ရရှိရန် လည်း လိုအပ်နေကြောင်းလည်း သိရပါသည်။

လင်းသက်
The Myanma Age