ညှပ်ဆွဲမွေးရာမှာ ကလေးသေဆုံးသွားလို့ ဆေးရုံကို တရားစွဲ

ပို့စ်တင်ချိန် - 1/13/2014 07:30:00 AM



အမေ ရိကန် နိုင်ငံ၊ တက္ကဆက် ပြည် နယ် မှာ ရှိတဲ့ ဆေးရုံ တစ် ရုံ မှာ က လေး မွေး ဖွား ခဲ့ ရာ မှာ မှားယွင်း မှုတ ချို့ကြောင့် ဆေးရုံ ကို တရားစွဲ တယ် လို့ သိရ ပါ တယ်။ မီလန် ကွန် နဲ့ သူ့ရဲ့ ယော က်ျား ဖြစ်သူ အလန် ကို့စ် တို့ ဟာ သူတို့ ရဲ့ သမီးငယ် လေး သေဆုံး မှုနဲ့ ပတ် သက် ပြီး ဆေးရုံ ကို တရား စွဲ ဆို မှု ပြု လုပ် ထား တာ ဖြစ်ပါ တယ်။ မီလန် ကွန် ဟာ တက္ကဆက် ရှိ ဆေးရုံ တစ် ရုံ မှာ က လေး မွေး ဖွား မှု ပြု လုပ် ခဲ့ ပါ တယ်။ ဒါပေမဲ့ ကလေး ငယ် ဟာ ကိုယ် အနေ အထား မမှန်ဘဲ ကိုယ် အလေး ချိန် များ ပြား နေ တာ မို့ ဆရာ ၀န် တွေ က ညှပ် ဆွဲ ပြီးမွေးဖွား ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။ ဒီလို ညှပ် ဆွဲ ရာမှာ အမှား အယွင်း ရှိ ခဲ့ပြီး က လေး ငယ် ရဲ့ ကျောရိုး နဲ့ လည်ပင်း ရိုး တွေ ထိခိုက် ခဲ့ပြီး ကျိုးသွား ခဲ့တာ မို့ နောက် (၅) ရက် အ ကြာ မှာ သေ ဆုံး သွား ခဲ့ရ ပါ တယ်။ ကလေး ငယ် ဟာ ဦးနှောက် လုံးဝ ပျက်စီး သွား ခဲ့ ပြီး ဦးခေါင်း ခွံနဲ့ ကျော ရိုး ပိုင်းတွေ ကျိုး ကြေ သွားခဲ့ တာမို့ အသက် ဆုံးရှုံး သွား ခဲ့ခြင်း ဖြစ်ပါ တယ်။

ကလေး ငယ်ရဲ့ မိဘ တွေက တော့ ဒီဖြစ် ရပ် အပေါ် စိတ်ဆိုး ဒေါသ ထွက် ခဲ့ ကြ ပြီး ဆေး ရုံ ကို တ ရား စွဲ ဆို မှုပြု လုပ် ထားပါ တယ်။ ဆေးရုံ ကလည်း မှားယွင်း စွာ ပြုလုပ် ခဲ့တဲ့ အပြု အမှု အတွက် တောင်း ပန် စ ကား ပြောကြား ခဲ့ပါတယ်။ ကလေး ငယ်ရဲ့ မိခင် ဖြစ်သူ မီလန် ကွန် ဟာ ကျန်းမာ သန်း စွမ်းပြီး မွေးဖွား ခါနီး မှာ ကိုယ် အလေး ချိန် (၉၅) ပေါင် အထိ ရှိပါ တယ်။ ဒါပေမဲ့ ကလေး ရဲ့ ကိုယ် နေ အ ထား မ မှန် ကန် ခဲ့လို့ ညှပ် ဆွဲပြီးမွေး ယူဖို့ ဆုံးဖြတ် ခဲ့ရာမှာ ဂရု တစိုက် ဆောင် ရွက် ခဲ့ခြင်း မရှိ လို့ အခု လို ဖြစ် သွား ခဲ့ရ တာ ပါ။ ဒီ က လေးငယ် ရဲ့ မိဘ တွေ က သူတို့ တွေ လို အဖြစ်မျိုး ဆက် လက် မဖြစ် ဖို့ ညှပ် ဆွဲ မွေး မြူ တဲ့ အ လေ့ အ ထကို ဆန့်ကျင် တိုက် ဖျက် သွား ခဲ့ဖို့ လူမှု ကွန်ယက် ၀က်ဘ် ဆိုက် တွေက နေ တစ်ဆင့် လှုံ့ ဆော် မှု တွေ ပြု လုပ် နေ တယ် လို့ သိရ ပါ တယ်။
By The Messenger