ဥပဒေဖြင့် ပရဟိတကို မချုပ်ကိုင်ဖို့ ဗြဟ္မစိုရ်တရားနဲ့ ပရဟိတတိုက်ပွဲ ဆင်နွှဲနေသူ ဦးကျော်သူပြော

ပို့စ်တင်ချိန် - 1/21/2014 07:30:00 AM


မြတ်စွာဘုရားဟောကြားတဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး မသေခင်စပ်ကြား ပရဟိတအလုပ်တွေ လုပ်နေရတာလို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဦးဆောင်နေတဲ့ ဦးကျော်သူက ဇန်နဝါရီ ၁၉ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ကရဝိတ်ဥယျာဉ်ကမ္ဘာမှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲ ၂ဝ၁၄မှာ ဗြဟ္မစိုရ်ကျည်ဆန်များဖြင့် ပရဟိတ တိုက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ပြောဆိုခဲ့တာဖြစ်ပြီး ပရိဟတလုပ်ငန်းတွေကို ဥပဒေနဲ့ မချုပ်ကိုင်ဖို့ ဦးကျော်သူက ဆိုပါတယ်။

ဒီဟောပြောပွဲမှာ Here & Now အကအဖွဲ့ကလည်း Performance တွေနဲ့ တင်ဆက်ခဲ့ပါတယ်။ ဒီစာပေဟောပြောပွဲကို ဇန်နဝါရီ ၁၈နဲ့ ၁၉ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး နွမ်ဂျာသိုင်း၊ ခင်မောင်ညို (ဘောဂဗေဒ)၊ သန်းမြင့်မောင်၊ ဟိန်းလတ်၊ အရိုး၊ မင်းကိုနိုင်၊ ချစ်ဦးညိုနဲ့ ဦးကျော်သူတို့ ဟော ပြောခဲ့တာဖြစ်ပါတယ်။
Kamayut Media