နာမည်ကျော် မိုက်ခရိုဆော့ဖ် မြန်မာ့ပညာရေးကဏ္ဍ တွင် လေးနှစ် စီမံကိန်းဖြင့် ကူညီမည်

ပို့စ်တင်ချိန် - 1/30/2014 09:30:00 AM



******************************************

ဝန်ကြီးဌာနတို့နှင့်အသေးစိတ် ညှိ နှိုင်းမှုများ ပြီးဆုံးပါက မိုက်ခရိုဆော့ဖ် အနေဖြင့် ပညာရေးကဏ္ဍတွင် လေးနှစ် စီမံကိန်းနှင့် ကူညီဆောင်ရွက်သွားမည် ဟု မိုက်ခရိုဆော့ဖ်မြန်မာပြည်ရုံးခွဲ Knowledge Centricity မှ သိရသည်။

အဆိုပါစီမံကိန်းအတွက် ပညာ ရေးဝန်ကြီးဌာနအပါအဝင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူ လက်မှတ်ရေးထိုးနိုင်ရန်အတွက်ဝန်ကြီး ဌာနများ၏ တုံ့ပြန်မှုကို စောင့် ဆိုင်းနေရ ခြင်းဖြစ်သည်ဟု အထက်ပါရုံးခွဲ၏ ဒုတိ ယဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် မိုက်ခရိုဆော့ဖ်အနေ ဖြင့် စီမံကိန်းအတွင်း လုပ်ဆောင် မည့် ပရောဂျက်များအား တင်ပြထားပြီး ယခု နှစ်ဆန်းပိုင်းတွင် သဘောတူလက်မှတ် ရေးထိုးနိုင်ရန် မျှော်လင့်ထားသည်ဟု သိရသည်။

မိုက်ခရိုဆော့ဖ်၏ပြည်တွင်း ပညာ ရေးကဏ္ဍအတွက် ဆောင် ရွက်မည့် လေးနှစ်တာစီမံကိန်း၌ အဓိကအနေဖြင့် နှစ်ပိုင်း ခွဲ ဆောင် ရွက်သွားမည်ဖြစ်ကာ ဆရာ၊ ဆရာမများကို အိုင်တီနည်း ပညာနှင့် ပတ်သက်သည့် သင်တန်းများ လေ့ကျင့်သင်ကြားပေးရန်လည်း ရည် ရွယ်ထားကြောင်း သိရသည်။

''ဆရာ၊ ဆရာမတွေက သိတယ်ဆို ပေမယ့် တချို့အရာတွေ က ခေတ်မမီ တော့ဘူး''ဟု မိုက်ခရိုဆော့ဖ်ရုံးခွဲ ဒုတိယဥက္ကဋ္ဌက နည်းပညာနှင့် ပတ် သက်၍ ပြောသည်။

ထို့အပြင် အိုင်တီနည်းပညာများ ပါဝင်မည့် ညွှန်းတမ်းများကို ပါ ပြောင်းလဲရေးဆွဲစေမည့် အချက်များ စီမံကိန်းအတွင်းပါဝင်မည်ဖြစ်ရာ ၄င်း မှာ အခြေခံပညာနှင့် အဆင့်မြင့်ပညာ နှစ်မျိုးစလုံး အတွက် ဆောင် ရွက်သွား မည်ဟု သိရသည်။

သုတလင်း

Popular Myanmar News Journal