ပုဒ်မ ၁၈ဖျက်သိမ်းရေး သရုပ်ဖော် ဆန္ဒပြရာတွင် ဦးဝင်းတင် ပါဝင်မည်

ပို့စ်တင်ချိန် - 1/05/2014 03:50:00 PM


မဇ္ဈိမသတင်းဌာန။ ။ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများ ပထမဆုံးဦးဆောင် ဆန္ဒထုတ်ဖော်မည့်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယကဖြစ်သူ ဦးဝင်းတင်ပါ ပါဝင်သရုပ်ပြမည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုအံ့ဘွယ်ကျော်က မဇ္ဈိမကိုပြောသည်။

ခွင့်ပြုချက်မယူဘဲ ဆန္ဒပြသည့် ပုဒ်မ ၁၈ အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဘဲ ပြည်သူလူထုအပေါ် ကန့်သတ်ချုပ်ချယ်သကဲ့သို့
ဖြစ်နေသည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေးစသည့် ၈၈မျိုးဆက်ကျောင်းသားများ ဦးဆောင်ပြီး ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဧမာနွေ လဘုရားကျောင်းရှေ့တွင် ဆန္ဒထုတ်ဖေါ်မည် ဖြစ်သည်။

ယင်းပုဒ်မများနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများအား ဇန်နဝါရီ (၄) ရက် (လွတ်လပ်ရေးနေ့) ကလည်း မြိတ်မြို့တွင် ဆန္ဒထုတ်ဖေါ်မှုများ
ပြုလုပ်ခဲ့သေးသည်။

Mizzima Burmese