သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သဲဖြူချောင်းကျေးရွာမှ လေးနှစ်ခန့်ကျော်ကြာ ဖြုတ်သိမ်းသွားခံရသော အိမ်သုံးကိုယ်ပိုင်း လျှပ်စစ်မီတာများအား ပြန်လည်တပ်ဆင်စီစဉ်ဆောင်ရွက်ပေးစေလို

ပို့စ်တင်ချိန် - 1/08/2014 03:02:00 PM


ရန်ကုန်တိုင်ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သဲဖြူချောင်းကျေးရွာတွင်  ဘိုးဘွားအစဉ်အဆက်နေထိုင်လာသူများကိုလွန်ခဲ့သော၂ဝဝ၆.ခုနှစ်ကပင် အိမ်သုံးလျှပ်စစ်မီတာများအား တပ်ဆင်အသုံးပြုနိုင်ရန် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်ထရန်စဖော် မာများကို တည်ဆောက်ပြုလုပ်ရာ၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်ကွက်နေပြည်သူများမှ ငွေကြေး များစိုက်ထုက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြန်မာ့လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၏ ပံ့ပိုးမှုဖြင့် ကိုယ့်အားကိုယ်ကိုး ထရန်စ ဖော်မာကို အောင်မြင်စွာ တည်ဆောက်၍  လျှပ်စစ်မီးများ လင်းအောင် ဆောင်ရွတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
သို့ပါ၍ ၂၉.၉.၂ဝဝ၉ခုနှစ်က ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ အုပ်ရှိ သဲဖြူချောင်းကျေးရွာ၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေးရုံး၏ နောက်ကျောရှိ လျှပ်စစ်ကျူးကျော် မြေပေါ်တွင် နေထိုင်လျက်ရှိသော အဆိုပါ  နေအိမ်တွင် အသေးစား အိမ်သုံးစက်မှုလုပ်ငန်းလုပ်ကိုင် နေကြောင်းကို မြို့နယ်လျှပ်စစ်ရုံးသို့ တစ်ရွာတည်းနေ ပြည်သူတစ်ဦးမှ သတင်းပေးပို့တိုင် ကြားခဲ့ရာတွင် ထိုနေအိမ်သည် လျှပ်စစ်ကျူးကျော်မြေဖြစ်ပြီး ၄င်းအိမ်အား လျှပ်စစ်မီတာတပ် ဆင်ထားပေးခြင်းအပေါ် စည်းကမ်းနှင့် ကိုက်ညီ မှုမရှိသော နေအိမ်ဟု တစ်လမ်းတည်းနေ၏  တိုင်ကြားမှုများကြောင့် ယင်းသို့ မြန်မာ့လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ လာရောက်စစ်ဆေးကာ ၄င်းနေအိမ်တွင် အိမ်သုံးစက်မှုလုပ်ငန်းလုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိသွားပါသောကြောင့် အဆိုပါနေအိမ်မှ လျှပ်စစ်မီးများ ဖြတ်တောက်၍  မီတာများ ပါတစ်ပါးတည်း ဖြုတ်သိမ်းသွားခဲ့ ပါသည်။
ယင်းသို့ ဖြုတ်သိမ်းရာတွင် လမ်းတစ်ဖက်ခြမ်းရှိ စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝမရှိသော နေအိမ်(၁ဝ)လုံးမှ အကြောင်း အရာတစ်စုံတစ်ခုကိုမှ အသိပေးအကြောင်းကြားခြင်းမရှိဘဲ အကြောင်းမဲ့ အိမ်သုံးလျှပ်စစ်မီတာ များကိုပါလာရောက်ဖြုတ်သိမ်းသွား ခံခဲ့ရပါသည်။        
ထိုသို့ဖြုတ်သိမ်းခဲ့ရာတွင် အဆိုပါရပ်ကွက်နေပြည်သူများမှပြောကြားတွင်''ကျွန်တော်/ကျွန်မ တို့၏ မိသားစုများအနေဖြင့် ယခုနှစ်ပါဆိုလျှင် လေးနှစ်ခန့်ကြာသော်လည်း မြို့နယ်လျှပ်စစ်ရုံးသို့ အကြောင်းမဲ့ဖြုတ်သိမ်းခံရသော အိမ်သုံးလျှပ်စစ်မီတာများအား ပြန်လည်းတပ်ဆင် အသုံးပြုခွင့် ပေးပါရန် တောင်းဆိုသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဘိုးဘွားအစဉ် အဆက်နေ ထိုင်လာခဲ့ကြောင်း ထောက်ခံချက်ပါရှိမှဆိုသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိသော်လည်း ရန်ကုန်တိုင်း လျှပ်စစ်ရုံးသို့ အခါခါညွှန်ကြားသည်။ ရန်ကုန်တိုင်းရုံးမှလည်း အကြိမ်ကြိမ်ပြန်လည် ညွှန်ကြားရာ အကြောင်းမဲ့ ဖြုတ်သိမ်းခံခဲ့ရသော နေအိမ်(၁ဝ)လုံးမှ လျှပ်စစ်မီတာများအား ပြန်လည်တပ်ဆင် အသုံးပြုခွင့် ချမှတ်လိုက်သော်လည်း မြို့ နယ်လျှပ်စစ်ရုံးမှ ယနေ့တိုင်တိုင် ပြန်လည်တပ်ဆင်ပေးခြင်းလုံးဝမရှိခဲ့ပါ။ မြို့နယ်လျှပ်စစ်ရုံးသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ရာ ခြေထောက်ပါတိုလာပါပြီ ဒီနေ့တပ်ဆင်ပေး မည် မနက်ဖြန်တပ်ဆင်ပေးမည်''ဟု သာပြောကြားလာသော်လည်း ယနေ့ထက်တိုင် ပြန်လည်ရရှိခဲ့ခြင်းမရှိဘဲ ကလေးသူငယ်များ၏ ကျောင်းဖွင့်ရာသီသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သောကြောင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအတွက်သော်၎င်း ညရေးညတာလုံခြုံရေးအတွက်သော်၎င်း သက်ကြီးရွယ်အိုများ၏ကျန်းမာရေးအတွက်သော်၎င်း လျှပ်စစ်မီးမှာ အလွန်အရေးကြီး လိုအပ် လျှက်ရှိပါသည်''ဟုအသနားခံတင်ပြတောင်းဆိုထားကြောင်းသိရသည်။
သို့ပါ၍ စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝမရှိခဲ့သော နေအိမ်(၁ဝ)လုံးများမှ လေးနှစ်ခန့်ကျော်ကြာသော် ဖြုတ်သိမ်း ထားခံရ သော အိမ်သုံးလျှပ်စစ်မီတာများကို အမြန်ဆုံး ပြန်လည်တပ်ဆင် အသုံးပြုခွင့်ပေးပါရန် မြန်မာ့လျှပ်စစ်ဓာတ်အားပေး တာဝန်ရှိသူကြီး များ အနေဖြင့်အမြန်းဆုံး စီစဉ်ဆောင်ရွက်ပေးလိုပါ၍  အသနားခံတင်ပြထားအပ်ပါကြောင်း သတင်းသိရှိရပါသည်

မြင့်မြတ်အောင်မြင်
ဖုန်း.ဝ၉.၄၂၁ဝ၂၂၅၇၈

Myanmar CNN မှ တင်ဆက်သည်။