မြန်မာက ဘင်္ဂလီလူငယ် ယာဘားဆေးပြားနဲ့အတူ ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 1/22/2014 03:21:00 PM


ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ် နီလာမြို့မှာ မြန်မာဘက်က ၀င်လာတဲ့ ဘင်္ဂလီ လူငယ် တစ်ဦးကို စိတ်ကြွဆေးပြား ၁၀၀၀ နှင့်အတူ ဒီကနေ့ နံနက် ဖမ်းဆီးလိုက်ပါတယ်။

သတင်းအရ ဘင်္ဂလာ နယ်ခြားစောင့်တပ်က နေအိမ်တလုံးကနေ  ဒီနေ့ မနက် ၉ နာရီမှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူ့ကို အခုအခါ တက်ကနက် ရဲစခန်းကို လွဲပြောင်း ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Narinjara