အစ္စရေးက ပါလက်စတိုင်းအကျဉ်းသားများအား တတိယအကြိမ်မြောက် လွှတ်ပေး

ပို့စ်တင်ချိန် - 1/01/2014 11:45:00 PM


ဇန်နဝါရီ ၁။

ဒီဇင်ဘာ ၃၁ရက်က အစ္စရေးသည် ပါလက်စတိုင်းအကျဉ်းသား ၂၆ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ယခုဖြစ်ရပ်သည် အမေရိကန်၏ ကြားစေ့စပ်မှုကြောင့် ရခဲ့ရှိသော သဘာတူညီချက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီမှု ဆွေးနွေးပွဲများ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး နိုင်ရန်ရည်ရွယ်ခြင်း ဖြစ်သည်။

လွတ်ငြိမ်းခွင့်ရသူများအနက် ၀က်စ်ဘန့်ခ်မှ ၁၈ဦး၊ ဂါဇာကမ်းမြောင်ဒေသမမှ ဦးနှင့် ဂျေရုစလင်အရှေ့ပိုင်းမှ ငါးဦးတို့ပါဝင်သည်။ သူတို့သည် ရမ်မော်လာအနီး အိုဖာအကျဉ်းစခန်းမျ လွှတ်ပေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အစ္စရေး အကျဉ်းထောင်ထဲမှ ပါလက်စတိုင်း ၁၀၄ဦးကို အသုတ်လေးသုတ်ခွဲကာ လွှတ်ပေးမည်ဟူသော ဇူလိုင်လက သဘောတူညီချက်အရ ယခုအချိန်တွင် သုံးကြိမ်မြောက် လွတ်ပေးခြင်းဖြစ်သည်။

အကယ်၍ ငြိမ်ချမ်းရေး သဘောတူညီမှု စတင်နိုင်ခဲ့လျှင် သုံးနှစ်တာ ရပ်ဆိုင်းထားရာမှ ပြန်လည် အသက်ဝင်လာဖြစ်သည်ဟု ဆိုရပါမည်။

ယခုလွတ်မြောက်လာသူများသည် အစ္စရေးတပ်သားများကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူ၊ အစ္စရေးပြည်သူများကို အမုန်းပွားအောင် မီးထိုးပေးသူများနှင့် အထူးသဖြင့် ပဋိပက္ခများ၊ စစ်ပွဲများတွင် မိမိချစ်မြတ်နိုးသူတစ်ဦး သေဆုံးခဲ့သည့်အပေါ် လက်စားချေလိုစိတ် ပြင်းထန်ခဲ့သူတို့ ပါဝင်သည်။ ပါလက်စတိုင်း နယ်မြေများကို အစ္စရေးတို့ ရယူခဲ့သော ၁၉၆၇ခုနှစ်မှ စတင်လျှင် ယခုအချိန်အထိ အဖမ်းခံခဲ့ရသော ပါလိုက်စတိုင်းသားများမှာ ၅၀၀၀ ခန့်ပင် ရှိနေပြီ ဖြစ်သည်။

နေတန်ညာဟု၏ ပါလက်စတိုင်း အကျဉ်းသားလွှတ်ပေးကိစ္စသည် အစ္စရေးအစိုးရအတွင်း သဘောမကျကြောင်း ကျယ်လောင်စွာ ထွက်ခဲ့သည်။ အထူးသဖြင့် ဂျူး လက်ယာယိမ်းသမား ပါလီ်မန်အမတ်များ အသိုင်းအ၀ိုင်းက ပြစ်တင်လျှင်ရှိသည်။ နေတန်ညာဟု ပါလက်စတိုင်းများကို တတိယအသုတ်အဖြစ် လွှတ်ပေးလိုက်ပြီး ချက်ချင်းပင် အငြင်းပွားဖွယ် ဖြစ်နေခဲ့သော အိမ်အလုံး ၁၀၀၀ကျော်ပါသည့် အိမ်ယာစီမံကိန်းကို တည်ဆောက်တော့မည်ဟု ကြေညာလိုက်သည်။

Ref: Al Jazeera
The Myanma Age