ဇနီးရဲ့ အလုပ်ရှင်ကို မကျေနပ်လို့ ခင်ပွန်းဖြစ်သူက ဓားနဲ့ထိုး

ပို့စ်တင်ချိန် - 1/08/2014 10:43:00 AM


၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်၊ နေ့လည် ၁ နာရီအချိန် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်တင်တင်ဌေး(ခ)မဌေး(၄၈)နှစ်သည်အမှတ်(၆)ရပ်ကွက်အတွင်းရှိ မြိုင်ကားလမ်းမပေါ်တွင်ရှိနေစဉ် ၎င်း၏နေအိမ်၌ မအိမွန် အလုပ်လုပ်ကိုင်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိသည့် မအိမွန်၏ ခင်ပွန်းဖြစ်သူ ပြည်မြို့၊ ရွာဘဲရပ်နေ ဘုန်းသက်ပိုင်(ခ)ကိုဖြိုး(၁၉)နှစ်နှင့် စကားများခဲ့ကြသည်။

ထိုသို့ စကားများပြီး ဒေါ်တင်တင်ဌေး(ခ)မဌေး နေအိမ်သို့လှည့်ပြန်စဉ် ဘုန်းသက်ပိုင်က ဓါးမြှောင်နှင့်ထိုး သဖြင့် ဒေါ်တင်တင်ဌေးတွင် ယာလက်ခုံပြတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာတင်ပါးဆုံပြတ်ရှဒဏ်ရာ(၁)ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့သောကြောင့် အရေးယူ ပေးရန် တိုင်တန်းခဲ့ရာ ဘုန်းသက်ပိုင်(ခ)ကိုဖြိုးအား ပခုက္ကူမြို့မရဲစခန်း(ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
By ရဲဇာနည်