ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့် တူညီဝတ်စုံ ပေးအပ်ပွဲ ပြုလုပ်ကျင်းပ

ပို့စ်တင်ချိန် - 1/10/2014 11:46:00 AM


တနင်္သာရီတိုင်း ဒေသကြီး  မြိတ်ခရိုင် ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လူငယ် တွေ့ဆုံပွဲနှင့် တူညီဝတ်စုံ ပေးအပ်ပွဲ အခမ်းအနားကို (၁၀-၁-၂၀၁၄)ရက်နေ့  နံနက်(၈:၀၀) နာရီ အချိန် ပုလောမြို့နယ် ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ပုလောမြို့နယ် ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှမှ အမှာစကားပြောကြား ပြီးနောက်  ဗဟိုပါတီ ကော်မတီဝင် တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်မှ ဒုတိယ အကြိမ် ပါတီဗဟိုကော်မတီ အစည်းအဝေး လမ်းညွှန်ချက် များအား ရှင်လင်း တင်ပြခဲ့သည်။ ထိုနောက်  လူငယ်များအား တာဝန်ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဇာနည်အောင်မှ ရှင်းလင်း တင်ပြခဲ့ပြီး လူငယ်ရေးရာ ကိုယ်စား လူငယ်ရေးရာ အဖွဲ့ဝင် တစ်ဦးက တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မည့် ကတိစကား ပြောကြားပြီးနောက် လူငယ်ရေးရာ အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ နံနက် (၉:၃၀)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှစိုး တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြိး ဦးဝင်းဆွေဈ၊  ပုလောမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင် များ၊  ရပ်ကျေး စည်းရုံးရေးမှူးများနှင့် လူငယ် ကိုယ်စားလှယ်များ ဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်းအင်းအား (၂၇၀) ခန့် တက်ရောက်ကြောင်း သတင်း ရရှိသည်။
မြိတ်ပုလဲမြေ