ဒီကနေ့ . . . . ဦးသန့် မွေးနေ့

ပို့စ်တင်ချိန် - 1/23/2014 07:00:00 AM



ဇန်န၀ါရီလ ၂၂ ရက်နေ့ဟာ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအဖွဲ့၏ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် (1909-1974) ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ သူသာ သက်ရှိထင်ရှားရှိဦးမည်ဆိုလျှင် ယနေ့မှာ ၁၀၅ နှစ်ပြည့်မှာဖြစ်ပါတယ်။

ဦးသန့်သည် ဧရာဝတီတိုင်း ၊ ပန်းတနော် ဇာတိ ဖြစ်ပြီး ၁၉၀၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖွားမြင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ မှ ၁၉၇၁ အထိ ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့တွင် နယူးယောက်မြို့၌ အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။