၃ပွဲဆက်တိုက်ရှုံးတဲ့ မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက် တစ်လတာအကောင်းဆုံးနည်းပြဆုစာရင်းမှာ အံ့အားသင့်ဖွယ်ပါဝင်

ပို့စ်တင်ချိန် - 1/10/2014 01:00:00 PM


ဖိအားများ ကျရောက်နေသည့် မန်ယူနည်းပြဒေးဗစ်မိုယက်စ်သည်ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။

စကော့တလန်လူမျိုးနည်းပြသည် ဒီဇင်ဘာလတုန်းက(၄)ပွဲနိုင်(၁)ပွဲသရေရလဒ်ရယူနိုင်ခဲ့သည်။
သို့သော် ဒေးဗစ်မိုယက်စ်၏မန်ယူမှာ (၂၀၁၄)ခုနှစ်အတွင်းတွင် (၃)ပွဲကစားခဲ့ရာတွင် သုံးပွဲစလုံး ရှုံးနိမ့်ထားသည်။

ဒေးဗစ်မိုယက်စ်နှင့်အတူ ဆန်ကာတင်နည်းပြသုံးဦးတွင် ပါဝင်နေသည့်နည်းပြများမှာ ချဲလ်ဆီးနည်းပြမော်ရင်ဟိုနှင့် မန်စီးတီးနည်းပြပယ်လီဂရီနီနှင့် အဲဗာတန်နည်းပြမာတီနက်ဇ်တို့ဖြစ်သည်။

မော်ရင်ဟိုသည် ချဲလ်ဆီးကို ဒီဇင်ဘာလအတွင်းတွင်(၇) ပွဲ ရင်ဆိုင်ကစားခဲ့ရရာတွင် (၅)ပွဲနိုင်ပြီး အာဆင်နယ်ကို အဝေးကွင်းတွင် သရေကျကာ (၁)ပွဲရှုံးနိမ့်ထားသည်။ ပယ်လီဂရီနီမှာလည်း
မန်စီးတီးကို (၆)ပွဲဆက် အနိုင်ရရှိပြီး (၁)ပွဲသရေရလဒ်ရရှိအောင်
စွမ်းဆောင်နိုင်ခဲ့ကာ မာတီနက်ဇ်မှာလည်း အဲဗာတန်နှင့်အတူ (၆)ပွဲရင်ဆိုင်
ခဲ့ရာတွင် (၄)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။

ထို့အပြင် ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ဆွာရက်ဇ်၊ ယာယာတိုရေး၊ ကွန်ပနီ၊ နီဂရီဒို၊ ဘာကလေနှင့် သီယိုဝဲလ်ကော့တို့ ပါဝင်နေသည်။
By Goal Myanmar