သင် . . အမျိုးသမီးတွေကို တန်ဖိုးထားတတ်ပါသလား?

ပို့စ်တင်ချိန် - 1/08/2014 09:39:00 AM



08-01-2014

ငါမွေးဖွားလာပြီးနောက်
ယုယကြင်နာစွာပွေ့ဖက်ထိန်းကြောင်းခဲ့တဲ့ အတုမဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်
သူကတော့ ငါ့ အမေ ပဲပေါ့။

ငါလူငယ်လေးဘဝအရွယ်မှာ
ဂရုစိုက်ပြီး ငါ့အလိုလိုက်ဆော့ကစားပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။
သူကတော့ ငါ့ အမ ပဲပေါ့။

ငါကျောင်းတက်တဲ့ အရွယ်မှာ
ငါ့ကို ပညာတတ်ကြီးဖြစ်လာအောင် သင်ကြားပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။

သူကတော့ ငါ့ ဆရာမ ပဲပေါ့။
ငါကျရှုံးမှုတွေနဲ့ ဆုံးရှုံးနေချိန်မှာ
အားပေးနှစ်သိမ့်ရင်း ပခုံးတစ်ဖက် ငှားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။
သူကတော့ ငါ့ သူငယ်ချင်းတစ်ယောက်ပေါ့။

ငါ့ဘဝအတွက်လိုက်ဖက်ညီတဲ့ဘဝလက်တွဲဖော်ချစ်သူတစ်ယောက် လိုအပ်တဲ့အချိန်မှာ
အပြည့်စုံဆုံးအမျိုးသမီးတစ်ယောက် ငါ့နံဘေးနားထာဝရအတွက်ရောက်လာခဲ့တယ်။
သူကတော့ ငါ့ ချစ်ဇနီး လေးပဲပေါ့။

ဒေါသ၊ မောဟ မီးတွေ ငါတောက်လောင်နေစဉ်မှာ
ငါ့ရင်ကိုငြိမ်းအေးစေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရောက်ရှိလာတယ်။
သူကတော့ ငါ့ ချစ်သမီး လေးပဲပေါ့။

ပြီးတော့ ငါများသေခဲ့ရင်လေ
ငါ့ခန္ဓ္ဓ္ဓ္ဓာကိုယ်ကို စုပ်ယူပြီး ကမ္ဘာမြေကြီးကိုအကျိုးပြုမယ့် အမျိုးသမီးကြီးတစ်ယောက်ရှိသေးတယ်။
သူကတော့ အမိ နိုင်ငံတော်ကြီးပဲပေါ့။

အချစ် ၊ ဘ၀ နှင့် ၂၁ ရာစု စာမျက်နှာမှ ကူးယူမျှဝေပါသည်
မြ၀တီ