ကားများလာမထုတ်သဖြင့် ၄၀၀ ကျော် နိုင်ငံပိုင်သိမ်း၍ ၂၀၀၀ ကျော်ကို လေလံပစ်မည်

ပို့စ်တင်ချိန် - 1/03/2014 03:00:00 PM


သီလဝါဆိပ်ကမ်းသို့ သင်္ဘောဖြင့် တင်ပို့ရောက်ရှိလာ သောကားများကို တွေ့ရစဉ်။ ဖိုင်ဓာတ်ပုံ - EPA

ရန်ကုန် ၊ ဇန်နဝါရီ ၂ ။   ။ မြန်မာ့ ဆိပ်ကမ်း၌ရောက်ရှိပြီး တစ်နှစ် ကျော်သည်အထိ လာရောက် ထုတ်ယူခြင်းမရှိသည့် ကားစီး ရေလေးရာကျော်အား နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ပြီး ရက်၆ဝကျော်လွန်သွား သည့် ကားအစီး ရေနှစ်ထောင် ကျော် အား လေလံတင်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံးမှ သတင်း ရရှိသည်။

လက်ရှိအချိန်ထိ ဆိပ်ကမ်း ၌ရောက်ရှိပြီး သတ်မှတ်ရက် ၆ဝအတွင်း လာရောက်ထုတ် ယူခြင်းမရှိသည့် ကားအစီးရေ နှစ်ထောင့်ငါးရာကျော်အထိ ရှိ နေပြီး အဆိုပါကားအများစုမှာ ဝန်ကြီးဌာန သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် လာရောက် ထုတ်ယူကြခြင်းမရှိ ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်မြင့် ကပြောသည်။

ဦးကျော်မြင့်က ''သတ်မှတ် ချက်နဲ့  နဲ့မညီပဲသွင်းလာကြ တာ လာမထုတ်ကြတဲ့အစီးရေ ၂ဝဝဝကျော်၊ တစ်နှစ်ကျော်အ ထိမထုတ်ဘဲ ထားတာက ၄၀၆ စီးရှိတယ်။ ဒါတွေကိုတော့ နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းသွားမယ်။ ရက် ၆ဝအထက် တစ်နှစ် မပြည့် တဲ့ကားတွေကိုတော့ ဥပဒေအ ရသိမ်းဆည်းခွင့်မရှိပေမယ့် ဆိပ်ကမ်းမှာလဲထားစရာနေ ရာမရှိတဲ့အတွက် လေလံတင် သွားမယ်''ဟု ဆိုသည်။

ယင်းက ''ရက် ၆၀ ထက် ကျော်လွန်တဲ့ ကားတွေကို လေ လံပစ်သွားမှာပါ။ ဒါပေမယ့် အတက်နိုင်ဆုံးလျှော့ပေးလို့ ရမယ့် ကားတွေကိုတော့ လျှော့ ပေါ့ပြီး ဆောင်ရွက်သွားမှာပါ၊ လေလံပစ်ဖို့ လျာထားတာ အ စီးရေ ၂ဝဝဝဆိုပေမယ့် ဒီအထဲ က ဘယ်နှစ်စီး ကို လျော့ပေါ့ပြီး လုပ်လို့ရမလဲဆိုတာကိုတော့ စိစစ်နေပါတယ်။ လေလံပစ် လို့ရမယ့်ငွေတွေကိုတော့ နိုင်ငံ တော်ဘဏ္ဍာငွေအဖြစ် သိမ်း ဆည်းမှာ မဟုတ်ပါဘူး၊ အမည် ပေါက်နဲ့ တင်သွင်းထားတဲ့ကား ပိုင်ရှင်တွေကို ပြန်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် လေလံ ပစ်လို့ရတဲ့ကား တစ်စီးရဲ့တန် ဖိုးအတိုင်းတော့ ရချင်မှရတော့ မှာပါ၊ နိုင်ငံပိုင်သိမ်းဆည်းထား တဲ့ ကားတွေကိုတော့ ပြည်သူ့ ဘဏ္ဍာငွေ အဖြစ်သိမ်းဆည်း သွားမှာဖြစ်ပါတယ်'' ဟု ပြော ကြားခဲ့သည်။

အဆိုပါကားများအား လေလံတင်သွားမည်ဖြစ်ပြီး ရက်အတိအကျအား ထပ်မံတင် ပြရမည်ဖြစ်ခြင်းကြောင့် လေလံ တင်ရက်အား ပြောဆိုနိုင်ခြင်း မရှိကြောင်း ကားတင်သွင်းသူ များမှာ ရက်ပေါင်း ၆ဝအတွင်း ကားထုတ်ယူနိုင်ခြင်းကြောင့် ဆိမ်းကမ်း အား  Show Room  ပုံစံဆောင်ရွက်နေသည်။

နိုင်နိုင်ဇော်
Yangon Media Group