၁၀တန်းကျောင်းသူအား ၃ရက်အတွင်းဖုန်းဖြင့်ရည်းစားစကားပြောပြီး တွေ့ဆုံ၍ သားမယားပြုကျင့်

ပို့စ်တင်ချိန် - 1/04/2014 05:20:00 PM




မန္တလေး၊ ဇန်န၀ါရီ ၎
့် ၁၀တန်းကျောင်းသူတစ်ဦးအား ၃ရက်အတွင်း
ဖုန်းဖြင့် ရည်းစားစကား ပြောကာ
အပြင်တွင် ခေါ်ယူ တွေ့ဆုံ၍လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ သားမယားပြုကျင့်ခဲ့သူအား
ကျောင်းသူ၏မိခင်မှ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ မိတ္တီလာမြို့၊ အထက(---)မှ ကျောင်းသူ မ---အား၊ ပျော်ဘွယ်မြို့နေမောင်------ဟုဆိုသူ က
ဖုန်းဖြင့် ရည်းစားစကားပြောဆိုခဲ့ပြီး ၃ရက်ခန့်အကြာတွင် အပြင်မှာ တွေ့ဆုံရန်ချိန်းဆိုခဲ့ကြောင်း
အဆိုပါမောင်-----ဆိုသူမှ ဆိုင်ကယ်ဖြင့်လာရောက်ခေါ်ဆောင်သွားခဲ့ပြီး
အင်းကုန်းရပ်ကွက်အတွင်းရှိ Love Story အအေးဆိုင်မှ အခန်းတစ်ခန်းသို့ခေါ်ဆောင်ကာ လက်ထပ်ယူမည်ဟု ပြောဆို၍
သားမယားအဖြစ် နေထိုင်ခဲ့ပြီးနောက် ကျောင်းသို့ ဆိုင်ကယ်ဖြင့် ပြန်လည် လိုက်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။
အဆိုပါကျောင်းသူမှာ အိမ်သို့ပြန်လာရာတွင် မျက်နှာမကောင်းသဖြင့် မိခင်မှမေးမြန်းရာ ဖြစ်စဉ်အား ရှင်းပြခဲ့ကြောင်း
မိခင်ဖြစ်သူမှ မတ္တီလာမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ထို့ကြောင့်ရဲစခန်းမှ ပြစ်မှုကျူး လွန်သူဟု ယူဆရသူ မောင်--အား (ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၆၃/၃၆၆အရ
အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။plp

Popular Myanmar News Journal