မန္တလေးမြို့ ဌာနဆိုင်ရာဝန်ထမ်းများမှ ဂရန်အတုပြုလုပ်ခြင်း

ပို့စ်တင်ချိန် - 1/05/2014 04:38:00 PM


မန္တလေးမြို့ရှိ မြေကွက်တစ်ခုပြဿနာအား မမော်မှ Myanmar CNN သို့ တိုင်ကြားလာပါသည်။ ဖြစ်စဉ်မှာ -

မန္တလေးမြို့ ဒ-၈/၁၀၃ မြေကွက်အား ဌာနဆိုင်ရာဝန်ထမ်းများသည် ပထမဦးစွာ မမော်လျှောက်ထားလာသည်ကို ဂရံအမှတ် ၂၅၂၅/၉၄-၉၅ ဖြင့်ပေးအပ်ခဲ့ပြီး နောင်တွင် ဂရုံအတုတစ်ခု ထပ်မံပြုလုပ်ကာ နောက်တစ်ဦးအား ထပ်မံရောင်းချခဲ့ရမှ ပြဿနာစတင်ဖြစ်ပွားကြောင်းသိရသည်။ ထိုသို့ပြဿနာဖြစ်ပွားသောအခါ ဌာနဆိုင်ရာဝန်ထမ်းများမှ မမော်၏ တရားဝင်လျှောက်ထားရယူခဲ့သော ဂရံကို အလွယ်တကူပင်ပယ်ဖျက်လိုက်ပါသည်။ မမော်မှ မကျေနပ်၍တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရာ ဒုတိယမြောက်ထုတ်ပေးခဲ့သော ဂရံအမှတ် ၃၉/၉၁,၉၂ မှာ ဂရံအတုဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာ သက်သေပြနိုင်သောကြောင့် အမှုနိုင်ခဲ့သော်လည်း မမော်၏ မူလဂရံကိုမူ ပြန်လည်ထုတ်ပေးခြင်းမရှိပဲ၊ မူလဂရံကိုပြန်လည်ရယူလိုပါက တရားရင်ဆိုင်ရမည်ဟုဆိုသောကြောင့် တရားရင်ဆိုင်ခဲ့ရာ ယခုဆိုလျှင် ၇ နှစ်ခန့်ကြာမြင့်ပြီဖြစ်ပါသော်လည်း ယနေ့တိုင် အမှုမှာ ပြီးပြတ်ခြင်းမရှိ ကြန့်ကြာနေသည်ဟုဆိုပါသည်။ အသေးစိတ်ကို အောက်ပါ ပေးပို့လာသော စာများတွင် ဖတ်ရှုနိုင်ပါသည်။