မှတ်သားစရာ

ပို့စ်တင်ချိန် - 1/13/2014 09:06:00 AM

တက္ကသိုလ်တခုမှာ ဆရာက စာသင်ခန်းထဲကို ဖန်ပုလင်းအကြည် တစ်ပုလင်း သယ်လာတယ်။ ပြီးတော့ ဘာမှ ပြောသေးဘဲ ဂေါက်သီးလုံး တွေ
ကို ထည့်လိုက်တယ်။ ပြီးတော့
ကျောင်းသားတွေကို မေးတယ် ခုပုလင်းက ပြည့်နေလား .
ကျောင်းသားတွေက ပြည့်ပါတယ် လို့ ဖြေတယ်။

ပြီးတော့ ဆရာမှ စက္ကူပုံးတခုထဲကနေ ကျောက်စရစ်ခဲတုံးလေးတွေကို ယူပြီး ဖန်ပုလင်းထဲ ထည့်လိုက်တယ်။ ပြီးတော့ မေးတယ် ပြည့်နေသေးလား။

ကျောင်းသားတွေလည်း ပုလင်းကိုကြည့်ပြီး ပြည့်သေးပါတယ် ဆရာ။

ပြီးတော့ ဆရာမှ နောက်ထပ် ဘူးတခု ထုတ်လာတယ်။ ပြီးတော့ ဘူးထဲက သဲတွေကို ပုလင်းထဲ ထပ်ဖြည့်လိုက်တယ်။ ပြီးတော့ မေးတယ် ပြည့်နေသေး လား။

ကျောင်းသားတွေလည်း ပြုံးပြီးတော့ ပြည့်နေတုန်းပဲ ဆရာ။ လို့ ဖြေကြတယ်။

ပြီးတော့ ဆရာမှ နေပြီး ကော်ဖီပြည့် ရှိတဲ့ ခွက်နှစ်ခွက်ကို ယူပြီး ပုလင်းထဲကို ထပ်ဖြည့် လိုက်တယ်။ အဲတော့မှ ကော်ဖီနဲ့ တစ်ပုလင်းလုံး ပြည့်သွားတယ်။

ကျောင်းသားတွေလည်း(ရယ်လျက်) ပြည့်နေတုန်းပါပဲ ဆရာ။ လို့ ပြိုင်တူ ဖြေကြတယ်။

အဲတော့မှ ဆရာက မင်းတို့လေးတွေကို မှတ်ထားစေချင်တယ်။ ဖန်ပုလင်းကို မင်းတို့ဘ၀လေးလို့ မှတ်ယူလိုက်၊

ဂေါက်သီးလုံးက မင်းတို့ဘ၀မှာ အရေးကြီးဆုံးသူတွေ လို့မှတ်ယူလိုက် ဥပမာ- အမေ၊အဖေ၊ မိသားစု၊ ချစ်သူ၊ စသဖြင့်ပေါ့၊

ကျောက်စရစ်ခဲတွေက မင်းတို့ ရဲ့ အလုပ်အကိုင်၊ အိမ်ရာ၊ ကား စသဖြင့် တွေပေါ့၊ သဲတွေကြတော့ တခြားအရာတွေပေါ့ကွာ ဥပမာ ဘေးလူတွေ မင်းတို့ အကြောင်းအတင်းတုတ်တော့ စိတ်ညစ်မူတို့၊ စိတ်ဖိစီးမူတို့။ ဘာတို့ညာတို့ အရေးမပါတဲ့အရာတွေပေါ့ကွာ.. အဲလို မှတ်ထား လိုက်။

အေးခု တကယ်လို့ ဆရာက သဲကို အရင်ဖြည့်လိုက်ရင် ပုလင်းက ပြည့်သွားမယ်။ ဂေါက်သီးတွေ၊ ကျောက်စရစ်တွေ ၀င်လာလို့ မရတော့ဘူး။

အဲ့လိုပဲ မင်းတို့လေးရဲ့ ဘ၀တွေမှာ အခြားကိုယ့်အတွက် အကျိုးမပြုတဲ့ အရာ တွေနဲ့ အချိန်ကုန်နေရင် မင်းတို့ဘ၀ဟာ သဲတွေနဲ့ ပြည့်နေလိမ့်မယ်။
ကျောက်စရစ်ပဲ ဖြည့်နေရင်လည်း အရေးကြီးဆုံးသူတွေကို မင်းတို့ ဆုံးရူံးရလိမ့်မယ်။

ဒါကြောင့် မင်းဘ၀မှာ မင်းအတွက် အရေးကြီးသူတွေအပေါ်မှာ အချိန်ပေး ပါ။ သူတို့ ပျော်ရွှင်အောင်ထားရင် မင်းလည်း ပျော်ရွှင်မှာပဲ။ ဘ၀က တိုပါတယ်။ မင်းတို့ ချစ်တဲ့သူတွေအပေါ်ပဲ မင်းရဲ့ အချိန်တွေကို အသုံးချပေါ့ကွာ လို့ ပြောပါတယ်။

ကျောင်းသားတစ်ယောက် ထမေးတယ်။ ကော်ဖီက ဘာအတွက်လဲ ခင်ဗျား။ ဆရာက ပြုံးပြီး အင်း မင်းဘ၀မှာ ဘယ်လောက်ပဲ အချိန်ပြည့်နေပြည့်နေ မင်း ရဲ့ မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်း နဲ့ မင်းနဲ့ ကော်ဖီသောက် ချိန်တော့ ရှိမှာပဲ။

~MM~
သုတစွယ်စုံကျမ်း