တစ္ဆေ သင်္ဘောကြီးနဲ့ စိုးရိမ်မှုတွေ

ပို့စ်တင်ချိန် - 1/23/2014 06:39:00 PM

 ဓာတ်ပုံ- The Mirror.co.uk

တစ္ဆေသင်္ဘောကြီးတစင်း ဗြိတိန်နိုင်ငံဆီ ဦးတည်ရွေ့လျားနေလို့ စိုးရိမ်မှုတွေရှိနေပါတယ်။

အဲဒီသင်္ဘောပေါ်မှာ လူမပါဘဲ Cannibal ကြွက်တွေပါပါတဲ့ ရုရှားသရုပ်ဆောင် မင်းသမီး အမည်ဖြစ်တဲ့ Lyubov Orlova ဆိုတဲ့ သင်္ဘောကြီး တစီးဟာ ၂၀၁၂ ခုနှစ် လောက် ကတည်းက ကနေဒါ ကမ်းခြေက ကင်းကွာသွားပြိး မြောက်အတ္တလန်တိတ်သမုဒ္ဓရာထဲမှာ မျောနေခဲ့တာလို့ ဗြိတိန်အခြေစိုက် The Mirror သတင်း တပုဒ်မှာ ဖော်ပြ ထားပါတယ်။

ကြွက်တွေသာ ပါပြီး လူမပါတဲ့ အဲဒီ့သင်္ဘောကြီးကိုလူတွေက တစ္ဆေသင်္ဘောကြီးလို့လည်း ခေါ်နေကြပါ တယ်တဲ့။ အလျား ပေ ၃၀၀ ရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လော်ကက ဆိုဗီယက်ယူနီယံမှာ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

မနှစ်က ကောင်းကင်ဂြိုလ်တု ဓာတ်ပုံတွေမှာ တွေ့ခဲ့ရတာကြောင့် သင်္ဘောကိုလိုက်ရှာခဲ့တဲ့
လေယာဉ်တွေ က တော့ ရှာမတွေ့ဖြစ်ခဲ့ပါတယ်တဲ့။

တန်ချိန် ၄၂၅၀ တင်ဆောင်နိုင်ပြီး စတာလင်ပေါင် ၆ သိန်းတန်တဲ့ အဲဒီသင်္ဘောကြီးဟာ ဒီလိုနဲ့ ရေထဲ
မျောနေခဲ့ တာပါ။

သင်္ဘောပေါ်မှာ ကြွက်တွေကလည်း အချင်းချင်း သတ်ဖြတ်စားသောက်နေကြပုံရပြီး သင်္ဘောပေါ်မှာလူတွေ တက်လိုက်ရင်တော့ ကျန်းမာရေးအတော်ထိခိုက်နိုင်တဲ့ အဆိပ်တွေတောင်ပျံ့နှံ့နိုင်တယ်လို့ ဘယ်လ်ဂျီယံ သုတေသီ Pim De Rhoodes က The Sun သတင်းစာကိုမှတ်ချက်ပေးထားပါတယ်။

အရင်က ဒိုမီနီကန်အစိုးရကလည်း ဒီသင်္ဘောကြီးကို ဆွဲယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီအပြင် ကနေဒါ အစိုးရကလည်း အလားတူ ပင်လယ်ရေနက်ပိုင်းအထိ ဆွဲထုတ်သွားဖို့ ကြိုးစားခဲ့တယ်လို့လည်း သိရပါ တယ်။

သိပ်မကြာသေးခင် လပိုင်းအတွင်းက အင်အားပြင်း မုန်တိုင်းတွေကြောင့် ဒီလောက် ကြီးတဲ့ သင်္ဘောကြီး
မြုပ် ဖို့တောင် တော်တော်ခက်တယ် လို့ အိုင်းရစ် ကမ်းခြေစောင့် တပ်အကြီးအကဲ Chris Reynolds ကလည်း မှတ်ချက်ပေးထားပါတယ်။

 “ကျနော်တို့ကတော့ သတိနဲ့ စောင့်ကြည့်နေရမှာဘဲ” လို့ သူက ဆက် ပြောထားပါတယ်။

အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း