ချယ်ဆီးကစားသမား ဟွန်မာတာ ကို ၀ယ်ယူရန် မန်ယူ ကမ်းလှမ်းချက် လက်ခံ

ပို့စ်တင်ချိန် - 1/25/2014 05:28:00 PM


ချယ်ဆီးကစားသမား ဟွန်မာတာ ဟာ သူ့ကိုဝယ်ယူဖို့ မန်ယူ အသင်းရဲ့ကမ်းလှမ်းချက်ကို ချယ်ဆီးသင်းက လက်ခံခဲ့တာကြောင့် ပျော်ရွှင်နေတယ်လို့ ချယ်ဆီးအသင်းမန်နေဂျာ ဂျိုဆေး မိုရင်ညို က ဇန်န၀ါရီလ ၂၄ ရက်နေ့က လန်ဒန်မြို့က ချယ်ဆီးအသင်းလေ့ကျင့်ရေးကွင်းမှာ ပြောကြားခဲ့ပါတယ်။

ဟွန်မာတာ ချယ်ဆီးအသင်းက ထွက်ခွာသွားတာ အတွက် စိတ်မကောင်းပေမယ့် ချယ်ဆီးမှာ ကစားခဲ့တဲ့ နှစ်နှစ်အတွင်းမှာ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိခဲ့ပါတယ် လို့ဆိုခဲ့ပါတယ်။
ဟွန်မာတာအပြောင်းအရွေ့တာ တကယ်ပြီးပြတ်ခဲ့ရင် ဇန်န၀ါရီလထဲမှာ ချယ်ဆီးကစားသမား နှစ်ဦး အသင်းကထွက်ခွာခဲ့တာဖြစ်ပါတယ်။ အသင်းက ကစားသမားနှစ်ဦး ထုတ်ရောင်းနိုင်ခဲ့တာ ဟာ အသင်းရဲ့ ဘဏ္ဍာရေး တောင့်တင်းလာစေတယ်လို့လည်း ဆိုပါတယ်။

ဒီလထဲမှာပဲ ဆားဗီးယား လက်ရွေးစင် နေမန် ရမာတိခ်ျ ကို ပေါ်တူဂီကလပ် ဘင်ဖီကာ ကနေ ၀ယ်ယူခဲ့ပါတယ်။ နောက်ထပ်ကစားသမားတဦး ထပ်မံဝယ်ယူအားဖြည့်ရာမှာ အီဂျစ်ကွင်းလယ် ကစားသမား မိုဟာမက် ဆာလာကို ဘားဆလ်အသင်းက ၀ယ်ယူလျှက်ရှိပြီး မိုရင်ညို တည်ဆောက်ချင်တဲ့ အသင်းပုံစံထဲကို ၀င်တယ် လို့လည်းဆိုပါတယ်။

ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတုတ်စီးတီးအသင်းနဲ့ ကစားဖို့ရှိရာမှာ ပြီးခဲ့တဲ့လက ချယ်ဆီး အသင်းကို အနိုင်ယူခဲ့တဲ့အသင်းဖြစ်တာကြောင့် တောင့်တင်းတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

DVB Burmese