မြန်မာနိုင်ငံက ပေးရမည့်အကြွေးကို ဒိန်းမတ် လျှော်ပေးမည်

ပို့စ်တင်ချိန် - 1/12/2014 10:15:00 AM


11.1.2014

ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံကနေ ရစရာရှိတဲ့အကြွေး ဒိန်းမတ် ခရိုနာငွေ ၂၉၅ သန်းကို လျှော် ပေးလိုက် တဲ့ အကြောင်း ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး မစ္စတာ ရာစ်မို့စ် ဟားလ်ဗက်ပီတာဆန် Rasmus Helveg Petersen က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ၉ ရက်နေ့က တွေ့ဆုံပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။

20140109-3-1မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက် မှုကို ထောက်ခံတယ် ဆိုတာ မြန်မာပြည်သူတွေ ကို သိစေချင်တဲ့အတွက် အခုလိုအရေးကြီးတဲ့ သတင်းစကားပါးလိုက်တာပါလို့ မစ္စတာ ပီတာဆန် က ပြောပါတယ်။

လျှော်ပေးလိုက်တဲ့ ကြွေးမြီအများစုဟာ မြန်မာအစိုးရရဲ့ နှစ် ၃၀ ချေးငွေဖြစ်ပြီး မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းစောင့်ကြည့်ဖို့ ဒိန်းမတ်နိုင်ငံက ဆောက်လုပ်တဲ့ သင်္ဘောတွေ ဝယ်ထားတာဖြစ်တယ်လို့ ဒိန်းမတ် ၀န်ကြီးက ပြောပါတယ်။

DVB