ကိုရန်နိုင်စိုး၏ မိခင် သီလရှင်မကြီး ဘင်္ဂလာဒေခ်ျ့တွင် ကွယ်လွန်

ပို့စ်တင်ချိန် - 1/10/2014 11:03:00 AM


နယ်သာလန်နိုင်ငံတွင် နေထိုင်သော ကိုရန်နိုင်စိုး၏ မိခင် သက်တော် ၇၂ နှစ်၊ ၀ါတော် ၂၀ ရှိသော သီလရှင် ဆရာသိင်ဂီသည် ယမန်နေ့ ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်  ၅ နာရီ ၁၅ မိနစ် အချိန်တွင် ဘင်္ဂလားဒေခ်ျ့နိုင်ငံ ရင်ကာမတီခရိုင် (သက်ထောင်) ရာစတိုးလီမြို့နေအိမ်၌ လူကြီးရောဂါဖြင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ၎င်းရာစတိုးလီမြို့တွင် သဂြိင်္ုမည် ဖြစ်ကြာင်း သိရသည်။

သီလရှင်မကြီး၏ ဇာတိမှာ မြောက်ဦးမြို့နယ် တိမ်ညို (ရွာသစ်) ဖြစ်ပြီး သီလရှင်အဖြစ်သို့ မကူးပြောင်းမှီ သား(၆) ဦးထွန်ကားခဲ့ပြီး ၎င်းတို့မှာ ဦးထွန်းဝင်း ၊ သိန်းထွန်း ၊ ထွန်းစိန်အေး ၊ အေးထွန်း(ရန်နိုင်စိုး) ၊ ကျော်မြင့် ၊ ကျော်လှိုင် တို့ဖြစ်ကြသည်ဟု သိရသည်။
Burmesenews narinjara