ငယ်ဘဝဖြစ်ရပ်အချို့ကို ထုတ်ဖော်ဝန်ခံလိုက်သည့် ကေတီပယ်ရီ

ပို့စ်တင်ချိန် - 1/23/2014 09:30:00 PM


ကေတီက သူမငယ်စဉ်က ရင်သားများ ကြီးထွားလာစေရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ဖူးကြောင်း ပြောကြားခဲ့သလို စောစောစီးစီး အပျိုရည် ပျက်ခဲ့သည်ကိုလည်း ဖွင့်ဟခဲ့

GQမဂ္ဂဇင်းအတွက် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ပေးပြီးနောက် မဂ္ဂဇင်းနှင့် အင်တာဗျူး အစီအစဉ်တွင် ကေတီပယ်ရီက သူမ၏ ငယ်ဘဝအကြောင်း ပွင့်ပွင့်လင်းလင်း ခပ်ကြမ်းကြမ်း ဖြေဆိုသွားခဲ့သည်။ ကေတီက သူမငယ်စဉ်က ရင်သားများ ကြီးထွားလာစေရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ဖူးကြောင်း ပြောကြားခဲ့သလို စောစောစီးစီး အပျိုရည် ပျက်ခဲ့သည်ကိုလည်း ဖွင့်ဟခဲ့သည်။ ဘာသာတရား ကိုင်းရှိုင်းသည့် မိသားစုမှ ပေါက်ဖွားလာသော်လည်း ကေတီ၏ ငယ်ဘဝသည် မိဘများ၏ အုပ်ထိန်းမှု စည်းကမ်းဘောင်ကို ကျော်လွန်နေသည်ကို သူမက GQသို့ အသိပေး ပြောကြားခဲ့သည်။ သူမအသက် (၁၁)နှစ် အရွယ်တွင်ပင် ခန္ဓာကိုယ် အချိုးအဆက်နှင့် ပတ်သက်၍ အလိုမကျမှုကို ခံစားတတ်နေပြီဟု ဆိုသည်။

"ကျွန်မ အခန်းထဲမှာ လှဲအိပ်လိုက်ရင်း ကိုယ့်ခြေထောက်ကိုယ် လှမ်းကြည့်နေမိတယ်။ ပြီးတော့ ဘုရားသခင်ဆီကို တိုင်တည်ဆုတောင်းခဲ့မိတယ်။ ဘုရားသခင်ရယ်၊ ကျွန်တော်မျိုးမကို ခုလိုလှဲအိပ်နေချိန်မှာ လှမ်းကြည့်ရင် ခြေထောက်ကို မမြင်နိုင်လောက်တဲ့အထိ ရင်သားကြီးကြီးတွေ ဖန်ဆင်းပေးပါ ဆိုပြီးတော့လေ"ဟု ကေတီက ပြောကြားခဲ့သည်။ သူမက အသက်(၁၆)နှစ် အရွယ်တွင် တွေ့ရှိခဲ့သည့် ချစ်သူတစ်ဦးနှင့်ပင် အပျိုရည် ပျက်ခဲ့ကြောင်းလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သေးသည်။ "သူ့ရဲ့ Volvo ဆီဒင်မော်တော်ကား ရှေ့ခန်းမှာပေါ့။ ဂျက်ဖ်ဘက္ကလီရဲ့ Grace အယ်လ်ဘမ်ကို ဖွင့်ထားရင်းနဲ့လေ။ ကျွန်မကတော့ အဲဒီ အယ်လ်ဘမ်ကို သိပ်ကြိုက်တယ်"ဟု ကေတီက ပြောဆိုသွားသည်။

အသက်(၂၉)နှစ်ရှိ ကေတီက သူမအနေဖြင့် ဘုရားသခင် ပေးသနားထားသည်ထက် ပိုမိုလွန်ကဲသော ခန္ဓာကိုယ်အလှအပ ပြုပြင်မှုမျိုး မရှိခဲ့ဟုလည်း ဆိုသည်။ "ဘယ်တော့မှ ကျွန်မ ပလပ်စတစ် ဆာဂျရီ မလုပ်ဘူး။ နှာခေါင်း၊ ပါးရိုးကအစ ရင်သားပုံစံကိုတောင် အပြောင်းအလဲ မလုပ်ခဲ့ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအတိုင်း သဘာဝကျကျပဲ ကျေနပ်ဂုဏ်ယူတယ်။ ကျွန်မ ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားတဲ့ မိန်းမတွေဟာ ဘယ်လို ပြုပြင်ပြောင်းလဲထားတဲ့ အလှအပမျိုးမှ မလိုအပ်ဘူး ဆိုတာပါပဲ"ဟုလည်း ကေတီက မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network