ခရီးဖင့်စေတဲ့ ရှူတ် ချ အကျပ် ကိုင်ခြင်း နည်းလမ်း

ပို့စ်တင်ချိန် - 1/12/2014 10:00:00 AM



ဒီမိုက ရေစီဆိုတာ ပြည်သူတွေရဲ့ အ မြော်အမြင် နဲ့ တာဝန်သိတတ်မှူကို ပေါင်းစပ် တည် ဆောက် မှ ရတဲ့ နိုင် ငံရေးစနစ်တစ်ခုပါ။ တချို့ကဒီမိုက ရေစီ ဆိုတာနဲ့ လွတ်လွတ် လပ်လပ် ပြောမယ် ။ လွတ်လွတ်လပ်လပ် နေထိုင် မယ် ဆိုတာ တွေပဲ တွေးကြတာများပါတယ်။အခွင့်အ ရေးကို ဦးစားပေးတွေးနေကြ ပေမဲ့ တာဝန်ကို နားမလည်သူတွေများနေတာ ကို လည်း သတိပြုမိပါတယ်။ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှူ ရှိမှသာ ဒီမိုက ရေစီ ဖြစ်စဉ် ဟာ ပိုခိုင် မာ ရင့်သန်လာမှာ ဖြစ်တဲ့အတွက် လူထုတစ် ရပ်လုံးရဲ့ အားထုတ်မှူလည်း အထူးလိုအပ် ပါတယ်။
အရပ် ထဲက ပြည်သူ တွေကို လေ့လာကြည့်ရင် ဒီမိုက ရေစီရဖို့ အစိုးရနဲ့ နိုင် ငံရေးပါတီ တွေအလုပ်လို့ သာ မှတ်ယူသူ များကြပါတယ်။
အောက် ခြေ လူထု က နိုင် ငံရေး စိတ်ပါဝင်
စားမှူ နည်းနေပါ သေးတယ်။
ဒီမိုက ရေ
စီခရီးအဟုန် မြင့်မားခြင်းနဲ့လူထုရဲ့
နိုင် ငံရေး အသိရေချိန် မြင့်မားခြင်းဟာ
တိုက် ရိုက် အချိုးကျ ပါတယ်။လူထု အသိ ရေချိန်မြင့် ရင် ဒီမိုက ရေစီလည်း ခိုင် ခိုင် မာမာ နဲ့ အလျင် အမြန်
ပေါ်ထွန်းလာမှာဖြစ် ပါတယ်။ ပြည်သူတွေုနိုင် ငံရေး အသိမြင့်မားရန်အတွက် နိုင် ငံရေးပါတီများနှင့် အခြားအင် အားစု
တွေ မှာ တာဝန် ရှိသလို ပြည်သူတစ်
ယောက် ချင်းစီရဲ့ နိုင် ငံရေးအ ပေါ်
စိတ် ပါဝင် စားမှူ လည်း လိုအပ် ပါတယ်။

သာမန်ပြည်သူဆိုပြီး ပေါ့ပေါ့ မ နေ သင့်

သာမန်ပြည်သူဆိုပြီး ပေါ့ပေါ့ မ နေ သင့် ဘဲ ဝိုင်းကူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ကိုယ့်ထမင်း ကိုယ် ရှာစားရင်း နဲ့ ပဲ ဒီမို က ရေစီဖြစ်စဉ်ကို ဝိုင်းကူကြဖို့ ဝတ္တရား ရှိပါတယ်။ဘယ်လို ကူမလဲဆို တော့ မဲကို မှန်ကန်စွာ ရွေးချယ် ပေးရမှာဖြစ် ပါတယ်။ဒီမိုက ရေစီစနစ် မှာ မဲပေးခြင်းဟာ ပြည်သူတစ် ယောက် ရဲ့ အနိမ့်ဆုံး တာဝန် ပါ။ ဒီမို က ရေ စီ အ ခွင့်အ ရေး တွေကို ရယူကြသလို တာဝန် ကျေရမဲ့ အပိုင်း တွေကို လည်း ကျေဖို့လို ပါတယ်။ အနိမ့်ဆုံးတာဝန်ဖြစ်( အရေးလည်းကြီးတဲ့ ) မဲ ပေးရာ မှာ မိမိနှစ်သက် တဲ့ ရွေးကောက်ခံ အမတ်ကို မှန်ကန် စွာ ရွေးချယ် နိုင် ဖို့ တော့ လိုပါတယ်။ ရွေးချယ်တဲ့နေရာမှာ စွမ်းဆောင် ရည် နဲ့ စိတ် ဓာတ်ကို အဓိက ထားကြည့်ရမှာဖြစ်ပါတယ်။ စွမ်းဆောင် ရည်ကို အကဲဖြတ် ဖို့ အတွက် အမြင် ကို အရင် ဆုံးကြည့်ရပါတယ်။ စီးပွါးရေး လူမှူ ရေး စစ် ရေး နိုင် ငံရေး အမြင် တွေ ကို ပြည်တွင်းရှူထောင့် အတွက်သာ မဟုတ် ဘဲ ကမာနဲ့ ဆက်စပ် သုံးသပ် နိုင် မှူ ရှိ မရှိ ဆန်းစစ် ရ မှာ ဖြစ်ပါတယ်။လူတစ် ယောက် ရဲ့ အမြင် ဟာ သူ့ရဲ့ လုပ် ဆောင် ချက် နဲ့ ၇၀% လောက် တူညီတတ်တာမို့ အမြင် ဟာ အ ရေး ကြီးပါတယ်။ နယ်ပယ်တစ်ခု ချင်းလိုက် အမြင် တွေ ဘယ်လို ရှိလဲ လေ့လာ စောင့် ကြည့်ရ မှာ ပြည်သူရဲ့ ဝတ္တရားပဲ ဖြစ်ပါတယ်။

စိတ်ဓာတ် ကောင်း မွန်မှူကို အကဲဖြတ် တဲ့ နေ ရာ မှာ နိုင် ငံအကျိုးလိုလားမှူနဲ့ ဖြောင့်မတ်မှူကို စောင့်ကြည့်ရမှာ ဖြစ်တယ်။ အာဏာ ရလာတဲ့အခါ ရိုးသားမှူ ရှိနိုင် မလား ဆန်းစစ် ရမှာ ဖြစ်သလို အမျိုးဘာသာ သာသနာ ချစ်စိတ် ကို လည်း လေ့လာစောင့်ကြည့်ရမှာဖြစ် ပါတယ်။
တိုင်းကျိုးပြည်ကျိုးကို အမှန် တကယ်လိုလားပြီး စွမ်းစွမ်းတမံ ထမ်းဆောင် နိုင် မနိုင် ကို လေ့လာ စောင့်ကြည့် ရပါမယ်။ တကယ် တမ်းမှာ တော့ ဒီထက် ပိုကျယ် ကျယ် ပြန့်ပြန့် လေ့လာစောင့်ကြည့် သင့်တာပါ။
ဒါပေမဲ့ကျွန်တော် တို့ ပြည်သူ တွေက
ဝမ်းစာ ရေး ခက်ခက်ခဲခဲ
လုံးပမ်းနေရသူများတော့ ဒီလောက် တောင် များနေသူတချို့ ရှိ နေပြန်ပါတယ်။တချို့ဆို နိုင် ငံရေး ဆိုတာကိုယ် နဲ့ မဆိုင် သလိုထင် နေကြသူတွေကို စိတ် မ ကောင်း စွာ မြင် တွေ့နေ ရပါတယ်။ဝမ်းစာ ရေးခက် ခက် ခဲခဲ ရှာရလို့ အပြစ် မ ပြောသာ ပေမဲ့ စိတ်ပါဝင် စားမှူ ရှိမယ် ဆို ရင် စောင့်ကြည့်လေ့လာတဲ့ အ လေ့
ကျင့်ရသွားပြီး သီးခြားအားထုတ်စိုက်
စရာမလိုပဲ တသားတည်းဖြစ်သွားမှာ
ဖြစ် ကြောင်းလိုပါတယ်။

ပြည်သူ တွေမှာ ပါတီတွေနဲ့ရွေးကောက်ခံ အမတ် ရဲ့ နှလုံးသားနဲ့ ဦးနှောက် ကို ဆန်းစစ် ဖို့ ဝတ္တရား ရှိပါတယ်။ တချို့ ပုဂ္ဂိုလ် တွေဟာသိပ် တော် တယ် ။ ဒါ ပေမဲ့ မ ဖြောင့် မတ်ဘူး။ တိုင်း ပြည်ကို စကားအရာ နဲ့ ချစ်ပြသူ အချို့လည်း ရှိပါတယ်။ တချို့ပုဂ္ဂိုလ် တွေက တော့ ရိုးသား ဖြောင့်မတ် တယ်။တိုင်းပြည်ကိုလည်း နှစ်နှစ်ကာကာ ချစ်မြတ်နိုးတယ်။ ဒါ ပေမဲ့ အမြင် ပိုင်း ထက်မြက်မှူ မရှိတဲ့ ပုဂ္ဂိုလ် မျိုးတွေလည်း ရှိပြန် ပါတယ်။ဒါကြောင့်စွမ်းဆောင် ရည် ရော စိတ် ဓာတ် ပါ ကောင်းမွန်မြင့်မားတဲ့ ပုဂ္ဂိုလ်ကို စောင့်ကြည့်ရွေးချယ် ရမှာ ဖြစ်ပါတယ်။ ရွေးချယ် တဲ့နေရာမှာလည်း စိတ် ခံစားမှူ တစ်ခုတည်း ဦးစားပေးမ ရွေးသင့် ပဲဦးနှောက် နဲ့ပါ ဆုံး ဖြတ် ရွေးချယ် သင့်ပါတယ်။ ဒီလို ရွေးချယ် နိုင် ဖို့ ပြည်သူဟာ နိုင် ငံရေးပါတီတွေကို မျက် ခြေပြတ် လို့ မရပါဘူး။ နီးစပ် ရာ မီဒီယာ (ရေဒီယို သတင်းစာ ဂျာနယ် ရုပ် မြင် သံကြား)တွေက တဆင့် လေ့လာရပါမယ်။်။ သူတို့ရဲ့ စွမ်းဆောင် ရည် နဲ့ စိတ်ဓာတ်ကို အကဲဖြတ် နိုင် ဖို့ အင် တာဗျူးတွေ မိန့်ခွန်း တွေကို ဖတ် ရ ပါမယ်။ ဟော ပြောပွဲတွေမှာလည်း မေးခွန်းထုတ် တတ် ရ ပါမယ် ။မေးခွန်းလည်း ထုတ် ရဲရ ပါမယ်။နိုင် ငံကို ဘယ်လို အကျိုးပြုမလဲ။နိုင် ငံရဲ့ ပြဿနာ တွေကို ဘယ်လို ဖြေ ရှင်း မလဲဆိုတာမျိုးကို မေးရပါမယ်။ဒါဟာ ပြည်သူအခွင့်အ ရေးပါပဲ။နိုင် ငံရေးသမား ဆိုတာ ဝန် ဆောင် သူတွေပါ။သူတို့ ကို ရွေးချယ် ရမှာ ပြည်သူတွေဖြစ် တဲ့အတွက် ပြည်သူတွေမေးတဲ့ စာ မေးပွဲ ကို ဖြေဆို ရမဲ့ သူတွေပါ။ဒါ ကြောင့် ပြည်သူတွေ မေးခွန်းမေးတတ်ဖို့လည်း လိုပါတယ်။
လူထုက
နိုင် ငံရေးသမားတွေကို ခိုင်းတတ်
ဖို့လိုပါ တယ်။

နိုင် ငံသား အားလုံးပါဝင် မှသာ

နိုင် ငံသား အားလုံး ပါဝင် တဲ့ နိုင် ငံရေးတည် ဆောက် မှူကပဲ
ပိုမိုခိုင် မာ ကျစ်လစ် တဲ့ နိုင် ငံရေး စနစ် တစ်ခု ဖြစ်စေမှာ ဖြစ် ပါတယ်။အစိုးရချည်းသက် သက် နိုင် ငံရေးသမားတွေချည်း သက်သက် အားစိုက်ထုတ် နေ ရုံနဲ့မရနိုင် ပါ။ခေါင်းဆောင် တွေရဲ့အားစိုက် မှူ တစ်ခုထဲနဲ့လည်း မလုံလောက်ဘဲ ပြည်သူတစ် ရပ် လုံးရဲ့ အားစိုက်မှူလည်း အထူးလိုအပ် လှပါတယ်။ နိုင် ငံရေးဟာ နိုင် ငံသား တိုင်းနဲ့ဆိုင် တယ် ဆိုတဲ့ အသိရှိ ပြီဆိုရင် နိုင် ငံရေးကိုစောင့်ကြည့် လေ့လာတဲ့စိတ် အလိုလိုရသွားပါတယ်။မိမိရဲ့ နေ့စဉ်လှူမှူ ဘဝနဲ့ နိုင် ငံရေးဟာ လုံးဝဆက်စပ်နေတ
် ဆိုတာသိဖို့လိုအပ် ပါတယ်။
နိုင် ငံ ရေး အ ခြေ အ နေ တွေအနဲ့ ကျွန်တော်တို့ရဲ့နေ့စဉ်လူမှူဘဝဟာ ဆက်စပ် နေပါတယ်။နိုင် ငံရေးအ ခြေ အ နေ ခိုင် မာ
ကောင်းမွန်မှသာ ကျွန် တော် တို့ လူမှူ
ဘဝ တွေလည်း တိုးတက် ကောင်းမွန်
လာမှာ ဖြစ် ပါတယ်။

နို်င် ငံတော် သမ္မတ အ နေ နဲ့လည်း နိုင် ငံရေးဖြစ် စဉ် တွင် နိုင် ငံသား အားလုံးပါဝင် နိုင် ရေး(All inclusive in political process) အတွက် တောင်းဆိုထားတာလည်း ရှိပါတယ်။ ဒီမို က ရေ စီဆိုတာ ခေါင်းဆောင် ကောင်း ရုံနဲ့ မပြီးေ မြာက်ပဲ နိုင် ငံသား တစ်ဦးချင်းစီရဲ့ အ မြော် အမြင် သိ တတ်မှူ နဲ့ တာဝန် သိစိတ်မြင့်မားမှူ အ ပေါ် မူတည်ပြီးမြန်မြန်ဆန်ဆန် နဲ့ ခိုင် ခိုင် မာ မာဖြစ်တည်လာတဲ့ စနစ်ပါ။ ခိုင် မာတဲ့ ဒီမိုက ရေစီ စနစ်ဖြစ်တည် လာဖို့ပြည်သူတစ်ဦးတစ် ယောက် ချင်းရဲ့ နိုင် ငံ ရေး ရင့် ကျက်မှူ နဲ့ပဲ တည် ဆောက် ရတာဖြစ်ပြီး အခြားနည်းလမ်းမရှိပါ။

လက် ရှိ တိုင်းပြည်မှာ တွေ့နေရတာ တော့ အများစုက နိုင် ငံရေးကို စိတ်ဝင် တစား မ ရှိကြ သေးတာ ပါပဲ။ မြို့ပြမှာ အ တော် အတန် လေ့လာကြ ပေမဲ့ ကျွန် တော် နေတဲ့ နယ် မြို့ပိုင်းမှာ တော့ အင် မတန် အားနည်းနေကြပါ သေးတယ်။ တချို့က နိုင် ငံရေးဆိုရင် ကြောက်စိတ် မကင်းသေးတာလည်း တွေ့ရတယ်။နိုင် ငံရေးစကား ပြောဖို့ကို အင် မတန် ဝန် လေးကြသလို ကြောက်လည်း ကြောက် နေကြ သေးတယ်။တချို့ သာမန် လက် လုပ် လက်စား အ ခြေ ခံလူတန်းစား တွေက တော့ စိတ်ဝင် စားဖို့ အခွင့်မသာ ဖြစ်နေ ကြပါတယ်။ အလုပ် က မောမော နဲ့ အိမ်လည်းရောက် ရော အနားယူ ယူဖို့အချိန် ပေးရပြန် တော့ နိုင် ငံ ရေး စိတ်ဝင် စားဖို့ အခွင့် မသာကြ ပြန်ပါဘူး။ကျွန်တော် ဆက် ဆံမိသ လောက် သာမန် လက်လုပ် လက်စား တွေရဲ့ စကားဝိုင်းမှာ နိုင် ငံရေးအ ကြောင်း ကြားရခဲလှပါတယ်။အ လေ့အထ မရှိသေးတာနဲ့ နိုင် ငံရေးဟာ ငါတို့နဲ့ သိပ်မဆိုင် လှပါဘူးဆိုတဲ့ အ တွေး တွေကြောင့်ပါပဲ။ဒီလို အ တွေးမျိုး တွေ အောက် ခြေ မှာ ပျံ့နှံ့နေသမျှ ဒီမို က ရေ စီ ပန်းတိုင် လည်း အလှမ်း ဝေးနေဦးမှာပါ။ နိုင် ငံသား တစ် ယောက် မို့ နိုင် ငံရေးကို ကိုယ့်ထမင်း ကိုယ် ရှာစားရင်း ဒါ တွေကို ဝတ္တရား တစ်ခု အ နေ နဲ့ လေ့လာစောင့်ကြည့် ရမှာဖြစ် ပါတယ်။ သေချာ မဆန်းစစ် မ လေ့လာပဲ ရွေးကောက် ပွဲ ရောက် မှ ကြုံသလို မဲပေးဖို့ စိတ်ကူးထားတာမျိုးဟာ နိုင် ငံသားတစ် ယောက် ရဲ့ အနိမ့် ဆုံးတာဝန်ကို မ ကျေတာပါပဲ။ ဒါ ကြောင့် ကိုယ့်ထမင်း ကိုယ် ရှာစား ရင်း နဲ့ပဲ ပါတီတွေရဲ့ လုပ် ဆောင် မှူကို တွေ လက်လှမ်း မီသမျှ လေ့လာ ဆန်းစစ်ပြီး မှန်မှန်ကန်ကန် ရွေးချယ် မဲထည့် နိုင် ငံသားတာဝန် ကျေပွန် အောင် ထမ်းဆောင် သင့်ပါတယ်။ဆင်းရဲခြင်း ချမ်းသာခြင်း ပညာတတ်ခြင်း ပညာ တတ်ခြင်းနဲ့မဆိုင် ပဲ နိုင် ငံသား ဖြစ် တဲ့အတွက် နိုင် ငံရေး စိတ်ဝင် စားသင့်တယ် ဆိုတဲ့ အသိနဲ့ စိတ်ဝင် တစားရှိရမှာ ဖြစ် ပါတယ်။နိုင် ငံရေးဟာ
လူတန်းစား တစ် ရပ် အတွက် ပဲ မဟုတ်ဘဲ နိုင် ငံသားအားလုံးနဲ့ဆိုင်
တဲ့အ ရေးကိစဖြစ် ပါတယ်။

ဒီမို က ရေ စီပန်းတိုင် အတွက် တက်ညီ လက်ညီ

ဒီမို က ရေစီ ပန်းတိုင် ခရီးအတွက် အစိုးရ ။ အတိုက် အခံ နဲ့ အခြား နိုင် ငံရေးအင် အားစု များ ရဲ့ စွမ်းဆောင် ရည် များ အပြင် ပြည်သူတစ်ဦးချင်းစီရဲ့ နိုင် ငံရေး အသိရေချိန်ကလည်း အ ရေးပါ အရာ ရောက် ပြီး အထူးလိုအပ် ပါတယ်။
ဒီမို က ရေစီဆိုတာ နိုင် ငံသား တွေအားလုံး ဝိုင်းတည် ဆောက် ရတဲ့ နိုင် ငံရေး စနစ်တစ်ခု ဖြစ်တဲ့အတွက် ငါနဲ့ မဆိုင် ပါဘူး ဆိုတဲ့စိတ်ဓာတ်မျိုး ထားလို့မရပါ။ဒီမိုကရေစီဆိုတာ လူထု အာဏာပါ။ လူထုက နိုင်ငံတော်အာဏာကိုပိုင် ပါတယ်။ နိုင်ငံရေးသမားတွေကို လူထုက ခိုင်းတတ်ဖို့လိုပါတယ်။ လူထုက မခိုင်းတတ်ရင် နိုင်ငံရေးသမားတွေက လူထုကိုခိုင်းသွားတတ်ပြီး ဒီမိုကရေစီ ပျက်သုဉ်းတတ်ပါတယ်။ပညာ မတတ် လို့ ဆင်းရဲလို့ ဆိုပြီး အ ကြောင်းပြလို့ မရပါ။နိုင် ငံသားဖြစ် တာ နဲ့တင် နိုင် ငံရေး စိတ်ဝင် စားဖို့ ဝတ္တးရားဖြစ် သွားပါပြီ။တစ်ဦးချင်းစီတာဝန် ကျေ မှသာ ဒီမို က ရေစီ ခရီးကို အမြန် ရောက် နိုင် မှာဖြစ်ပါတယ်။ဒီမိုကရေစီအခွင့်အရေးတွေကို မ ပြော ခင် ဒီမိုကရေစီတာဝန်တွေအကြောင်းအရင် စဉ်းစားကြဖို့ပါ။ကျွန်တော် တို့ရဲ့ နေ့စဉ်ဘဝ စား ဝတ် နေ ရေး အတွက် ရုန်းကန်လှူပ် ရှား ရင်း နဲ့ဒီမို က ရေစီ ခရီးအတွက် တစ်ဦးချင်းရဲ့ ကိုယ် စီတာဝန်သာ ကျေပွန်ခဲ့ကြမည်ဆို လျင်...

https://www.facebook.com/profile.php?id=100004060131490