အီဂျစ် ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးစီး

ပို့စ်တင်ချိန် - 1/16/2014 10:20:00 PM


အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်း လူထုဆန္ဒခံယူပွဲ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့ကို ဇန်န၀ါရီ ၁၅ ရက်နေ့က ကျင်းပ ပြီးစီးခဲ့ပါတယ်။

ဆန္ဒခံယူပွဲ ပထမနေ့မှာ လူ ၉ ဦး အသတ်ခံခဲ့ရပေမယ့် ဒုတိယနေ့ကတော့ အေးအေး ဆေးဆေးပဲ ပြီးဆုံခဲ့ပါတယ်။

သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသူ ၇၉ ဦး ဖမ်းဆီးခံခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဆန္ဒမဲတွေကို စတင် ရေတွက်နေပြီ ဖြစ်ပြီး ရလဒ်တွေ မကြာခင် ထွက်ပေါ်လာပါတော့မည်။

မွတ်စလင်ညီအကိုတော်များပါတီကို အစိုးရက အပြင်းအထန် ဖိနှိပ်ထားတာကြောင့် အခြေခံဥပဒေကို ကန့်ကွက်မဲပေးဖို့ မဲဆွယ်စည်းရုံးမှုလည်း မရှိသလို မဲဆွယ်စည်းရုံးခွင့်ကိုလည်း အစိုးရက ခွင့်မပြုဘူးလို့ လူအခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

ဒီ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဟာ အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်အသက်သွင်းဖို့ အရေးကြီးတဲ့ နိုင်ငံရေး အကူးအပြောင်းလို့ စစ်တပ်နောက်ခံတဲ့အစိုးရက ဆိုနေပေမယ့် တဖက်မှာတော့ အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ ညီအကိုတော်များပါတီကို အပြင်းထန်ဆုံး နှိပ်ကွပ်နေပါတယ်။

ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံကို အတည်ပြုပြီးရင် သမ္မတရွေးကောက်ပွဲကို ဧပြီလမှာ အစောဆုံး ကျင်းပနိုင်ဖို့ စီစဉ်ထားပါတယ်။

စစ်တပ်အကြီးအကဲ အက်ဒယ်ဖတား အယ်စီစီကလည်း  လူထုက ထောက်ခံရင် သမ္မတနေရာ ၀င်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
DVB