နားမလည်တဲ့ ကလေးငယ်တွေနဲ့ ၊ မှိုင်းမိနေတဲ့ လူကြီးတွေ ဖတ်ဖို့စာ

ပို့စ်တင်ချိန် - 1/05/2014 08:00:00 AM


၅၉ ( ဃ ) ။ နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ စီးပွါးရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးအမြင်များရှိရမည် ။

--------------
ဒါလေးကို ပြင်ချင်လို့လား ညီလေးးးးးးးးးးးးးးးးးးးးး ?

နိုင်ငံရေး နားမလည်တဲ့သူကို ခေါင်းဆောင် အဖြစ်တင်ရမတဲ့လား ?
စီးပွါးရေး နားမလည်တဲ့သူကို ခေါင်းဆောင် အဖြစ်တင်ရမတဲ့လား ?
အုပ်ချုပ်ရေး နားမလည်တဲ့သူကို ခေါင်းဆောင်အဖြစ်တင်ရမတဲ့လား ?
စစ်ရေးအမြင် မရှိသူကို ခေါင်းဆောင်အဖြစ်တင်ရမတဲ့လား ?
နိုင်ငံခေါင်းဆောင်ဆိုတာ နိုင်ငံရေး အကြောင်းကို ကောင်းကောင်းသိရမယ် ၊

စီးပွါးရေး ..... နိုင်ငံ ၁ နိုင်ငံရဲ့ တိုးတက်မှုကို စီးပွါးရေး အကြောင်းကောင်းကောင်း သိရမယ် ၊

အုပ်ချုပ်ရေး ..... အဖွဲအစည်း ၁ ခုကိုတောင် အုပ်ချုပ်နိုင်တဲ့ အရည်အချင်းဘယ်လောက်ခက်လဲ ဆိုတာသိရင် နိုင်ငံ အဆင့် အုပ်ချုပ်ရေး အကောင်းဆုံးသော နည်းပညာဖြစ်ရမယ် ၊

စစ်ရေးအမြင် ...... အဓိက လိုအပ်ချက်ပဲ ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ စစ်ရေးအမြင်ရှိကိုရှိရမယ် ၊ စစ်ရေးအမြင်မရှိပဲ မည်သည့်နိုင်နဲ့မျှ ကောင်းစွာ ဆက်ဆံနိုင်မည်မဟုတ် ၊ ဘာ့ကြောင့်လဲဆိုတော့ နားမလည်တဲ့သူကို ပါးရိုက်ပြီး ဆက်ဆံရသလိုပေါ့ကွာ ..... ။ ကိုယ်က ပညာမတက်တော့ လိမ်သမျှကို ခံနေရတဲ့ ကလေး သူငယ်ဖြစ်နေမှာပေါ့ ။

ဒီအချက်တွေက ခေါင်းဆောင် အတွက် မလိုအပ်ဘူးတဲ့လား ?

_____________________

(စ) ။ မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘ ၁ပါးပါးသော်၎င်း ၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း၊ မိမိ၏ တရားဝင်သားသမီး ၁ ဦးဦးသော်၎င်း ၊ ထိုတရားဝင်သားသမီး ၁ ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်၎င်း ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ...... ။

-------

ကိုယ့်နိုင်ငံကို ကိုယ့်နိုင်ငံသားက လွဲပြီး ဘယ်နိုင်ငံသားမှ မကောင်းနိုင်ဘူး ၊ မင်းတို့ သိပ်အထင်ကြီးနေတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသား ခံယူရင် ဘယ်လိုသစ္စာဆိုရလဲ သိလား ..
မင်းတို့ နိုင်ငံနဲ့ အမေရိကန်နိုင်ငံ စစ်ဖြစ်ရင် အမေရိကန်နိုင်ငံဘက်က ပါဝင်ရမယ်ဆိုတာပဲ .... ။

ငါတို့နိုင်ငံက တိုင်းရင်းသားတွေနဲ့ စုစည်းထားတဲ့ နိုင်ငံဖြစ်လို့ ပြည်ထောင်စု မပြိုကွဲဖို့အတွက် အရေးကြီးဆုံးပဲ ... ။ ကျွန်တော်တို့ နိုင်ငံကျွန်ဖြစ်တုန်းက မှတ်မိကြသေးလား ၊ တော်ပေါ် မြေပြန့် ခွဲခြားပြီး အုပ်ချုပ်ခဲ့တာတွေ ၊ တိုင်းရင်းသားတွေ စည်းလုံးမှုပြိုပျက်မှ နှစ်ရည်ကြာ အုပ်ချုပ်ဖို့ အတွက် ဒီစနစ်ကို ကျင့်သုံးခဲ့တာတွေ ..... ။

ညီလေးတို့ မမေ့အပ်တဲ့ အထဲမှာ ကျွန်ဖြစ်ခဲ့တာကိုပါ သတိရနေပါစေကွာ ..... ။

ဒါနဲ့ .. ဒေါ်စုကြည်က ၅၉ ( စ ) ကို ပြင်မှ သမ္မတနေရာကို ၀င်ရွေးနိုင်မှာလား ?
ဒါဆို သူ့ က ကျွန်တော်တို့ နိုင်ငံသား မဟုတ်ဘူးလား ၊ ဘယ်နိုင်ငံရဲ့ ကျေးဇူး သစ္စာတော်ခံယူထားတာလဲ ?


ဒီနိုင်ငံရဲ့ ဥပေဒကို မကျင့်သုံးနိုင်ပဲ ဒီနိုင်ငံကို အုပ်ချုပ်ချင်ပါတယ်ဆိုတာကတော့ လွန်ပါတယ်ဗျာ .... ။

နိုင်ငံသားတိုင်း စာတက်ပါတယ် ၊ ဦးဏှောက်ရှိပါတယ် ။ ဒါပေမဲ့ ၀ါဒမှိုင်းကိုတော့ ခံယူနေကြတုန်း ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲံ အဖြူရောင် အရောင်ဆိုးနေကြတာ ဘယ်သူတွေလဲ ... ။

ကျွန်တော်တို့နိုင်ငံ နောက်ကျကျန်နေခဲ့တာ အစိုးရမကောင်းယုံတင်ပဲလား ?
အဓိက ယန္တရားဖြစ်တဲ့ ကျွန်တော်တို့ တွေကရော ကောင်းခဲ့ကြလို့လားဗျာ .... ?
Myanmar Express