လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 1/22/2014 06:41:00 PM


နေပြည်တော်၊ ဇန်န၀ါရီ ၂၂

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ည ၇ နာရီအချိန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် လက်ပံကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ်(၁၈၂/၃-၄)ကြား၊ လမ်းပေါ်တွင်ရပ်တန့်ထားသည့် မော်လမြိုင်မြို့၊ မန္တလေး ရပ်ကွက်နေ အောင်ကျော်ဦး(ခ)ဟာနစ်(၃၅)နှစ်၊ ကျော်စွာဝင်း(ခ)ဆွာဒစ်နှင့် ၀င်းဇော်နိုင်တို့ ၃ ဦး မောင်းနှင်သော ၅ဃ/xxxx Mark II အဖြူရောင်ယာဉ်ပါ ၃ စီးအား တွေ့ရှိစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာ ယာဉ်များနှင့်ပတ်သက်သည့်အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်ဦး(ခ)ဟာနစ်အား မုတ်္တမနယ်မြေရဲစခန်း(ပ)၉/၂၀၁၄ ဖြင့်လည်းကောင်း၊ ကျော်စွာဝင်း(ခ)ဆွာဒစ်အား (ပ)၁၀/၂၀၁၄ ဖြင့်လည်းကောင်း၊ ၀င်းဇော်နိုင်အား (ပ)၁၁/၂၀၁၄ ဖြင့်လည်းကောင်း၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်