မင်္ဂလာဒုံဆီသိုလှောင်ဝင်း မီးငြိမ်းပြီ

ပို့စ်တင်ချိန် - 1/22/2014 08:30:00 AM


မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။မင်္ဂလာဒုံမြို့နယ် ပြည်လမ်းရှိ စ.ရ.ဖ အမှတ် ၄ဝင်း ဓာတ်ဆီဆိုင် ဇန်နဝါရီ ၂၁ရက် ညနေ ၆နာရီ ၁၀မိနစ်ခန့်က စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး ၇နာရီ ၄၅မိနစ်တွင် မီးငြိမ်းသွားပြီဟု မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့် ဆီဆိုင်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ခြံဝင်းနှင့် ထိစပ်နေသည့်အတွက် ပြည်တွင်း၊ ပြည်ပ လေယာဉ်များ ဆင်းသက်မှုကိုပါ ခေတ္တဆိုင်းငံ့ထားသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက သိရှိရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

အသေးစိတ်ကိုမူ မဇ္ဈိမက ဆက်လက် တင်ဆက်ပေးမည်ဖြစ်သည်။

(မဇ္ဈိမသတင်းဌာန)