အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ကွာရှင်းပြတ်စဲပြီးကြောင်း ကြော်ငြာ

ပို့စ်တင်ချိန် - 1/13/2014 11:00:00 PM

(ရွှေရည်သိန်းတန်ရဲ့ စီးရီးကာဗာတခု)

အဆိုတော် ရွှေရည်သိန်းတန်နဲ့ သူ့ရဲ့ ခင်ပွန်းသည် ကွာရှင်းပြတ်စဲထားကြောင်း သတင်းစာ  ကြော်ငြာတခုမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းစာတစောင်မှာ ဖော်ပြထားတဲ့ အဲဒီကြော်ငြာမှာ ... ခင်ပွန်းသည် ဦးသျှန်ထွဏ်းနဲ့ ကွာရှင်းမှုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ဖြစ်တယ်လို့  ရေးထားပါတယ်။

ဘာကြောင့် ကွာရှင်းတယ် ဆိုတာကို ကြော်ငြာမှာ ရေးမထားပါဘူး။

ဒီကြော်ငြာကို အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ညွှန်ကြားချက်အရ သူ့ရှေ့နေက သတင်းစာမှာ ထည့်သွင်းတာလို့ သိရပါတယ်။

လေ့လာလိုသူများအတွက် ကြော်ငြာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ရွှေရည်သိန်းတန်က ကွယ်လွန်သူ အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့သမီး ဖြစ်ပါတယ်။