ကြံ့ဖွံ့ပါတီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း

ပို့စ်တင်ချိန် - 1/02/2014 07:45:00 AM



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်၊ ဖြည့်စွက်နဲ့ ပယ်ဖျက်သင့်တဲ့ အချက်ပေါင်း ၄၇ ချက်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မီတီကို တင်ပြသွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

usdpထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြင်ဆင်သင့်တဲ့ ပြဌာန်းချက်များအဖြစ် အစားထိုးဖို့က ၁၃ ချက်၊ ပယ်ဖျက်မယ့်အချက် ၅ ချက်၊ ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းမှာ ဖြည့်စွက်သင့်တဲ့ ကိစ္စက ၁၁ ချက်၊ အခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်တဲ့ ပြဌာန်းချက်က ၆ ချက် စုစုပေါင်း ၄၇ ချက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က ပြီးစီးသွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲနဲ့ ပတ်သက်တဲ့ အချက်တွေ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေ၊ တိုင်းရင်းသား၊ နိုင်ငံသား၊ တိုင်းဒေသကြီး ၊ ပြည်နယ်တွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့အချက်တွေ၊ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာမှာ ခုလို ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက်သင့်တဲ့အချက်တွေကို သဘောတူဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

DVB Burmese