ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမူ မွတ်ဆလင် ၈၄ ဦးကို ဖမ်းဆီး စစ်ဆေး

ပို့စ်တင်ချိန် - 1/19/2014 02:00:00 PM


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချရားတန် မွတ်စလင်ကျေးရွာတွင် ရဲတပ်ကြပ်ကြီး တစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေသော ကိစ္စနှင့် ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာမှ  မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက်က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကပြောသည်။

စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

ရဲတပ်ကြပ်ကြီး၏ သွေးစွန်းနေသော ယူနီဖောင်းနှင့် အ၀တ်စ အချို့ကို သဲလွန်စအဖြစ် ဂေါ်ဒူသာရ ချောင်းကမ်းစပ်နဲ့ ဒုချီးရာတန် အီစလန်အမည်ရ ဗလီအနီးတစ်ဝိုက်မှာ ရှာဖွေတွေ့ရှိခဲ့သော်လည်း လက်နက်နှင့် အတူ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးအား ယနေ့ အချိန်အထိ ရှာဖွေ မတွေ့ရှိရသေးကြောင်း သိရသည်။

မောင်တောခရိုင် ခရေမြိုင်ရဲကင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေများသည် ဇန်နဝါရီလ ၁၃ ရက်နေ့ ညက ဒုချရားတန်း ဘင်္ဂလီ မွတ်စလင်ကျေးရွာမှာ လုံခြုံရေးကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရပြီး  ရဲတပ်ကြပ်ကြီး တစ်ဦး လက်နက်နဲ့အတူ ပျောက်ဆုံးနေသည်။
Narinjara နိရဉ္စရာ