ပါရာဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲလက်မှတ်နှင့် ၀င်ခွင့်ကတ်အတွက် ထုတ်ပြန်ချက်

ပို့စ်တင်ချိန် - 1/10/2014 06:30:00 AM


လာမဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ စတင်ကျင်းပမဲ့ ၇ ကြိမ်မြောက် မသန်စွမ်းသူတွေရဲ့ အာဆီယံ ပါရာဂိမ်းပြိုင်ပွဲ ဖွင့်ပွဲလက်မှတ်များကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ စတင်ကာ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း Accreditation Center တွင် လည်းကောင်း၊ ပိတ်ပွဲလက်မှတ်များကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင် Accre – ditation Center တွင် လည်းကောင်း ရောင်းချပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

Para Games မှတ်ပုံတင် တခုကို လက်မှတ် ၂ စောင် ၀ယ်ယူနိုင်ပြီး ၅ နှစ်အောက် ကလေးငယ်များအတွက် လက်မှတ်ဝယ်ယူရန် မလိုအပ်ကြောင့် ထုတ်ပြန်ထားပါတယ်။

သက်ဆိုင်ရာအားကစားပြိုင်ပွဲတွင် ကြည်ရှု့အားပေးနိုင်ရန် ၀င်ခွင့်ကတ်များကို ဇန်န၀ါရီ ၈ ရက် ဒီနေ့မှာ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း Accreditation Center တွင် စတင် ၀ယ်ယူနိုင်ပြီး ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ဂိတ်အမှတ် ၂၊ ၄နဲ့ ၅ တွင် ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

DVB Burmese