ပါရာဂိမ်း ဖွင့်ပွဲ/ပိတ်ပွဲအတွက် အစမ်းလေ့ကျင့် (ဓာတ်ပုံ)

ပို့စ်တင်ချိန် - 1/04/2014 01:25:00 PM


လာမယ့် ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲအတွက် အကြားအာရုံ မသန်စွမ်းသူများရဲ့ အနုပညာ တင်ဆက်မှုအတွက် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အစမ်းလေ့ကျင့်နေကြပါတယ်။

 မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်းက ဆရာမ ၁၇ ဦး ကြီးကြပ်ပြီး နားမကြားကလေး ၁၁၆ ဦးတို့ စခန်းသွင်း ပြိုင်ပွဲအတွက် အနုပညာတင်ဆက်မှုကို လေ့ကျင်နေကြပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၁၄ ရက်နေ့ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပ ပြုလုပ်မှာပါ။ ဓာတ်ပုံ (သန္တာစိုး)