သမ္မာကျမ်းစာအုပ်အများအပြား မလေးရှားမှာ အသိမ်းခံရ

ပို့စ်တင်ချိန် - 1/04/2014 07:45:00 AM


ဘုရားသခင်ကို အလ္လာလို့ ရေးသားသုံးနှုန်းထားတဲ့ ခရစ်ယာန်အုပ်စုတခုရဲ့သမ္မာကျမ်းစာ ၃၂၁ အုပ်ကို  မလေးရှားအာဏာပိုင်တို့က ကြာသပတေးနေ့မှာ သိမ်းလိုက်ပါတယ်။



မလေးရှားမှာ မူဆလင်တွေက အများစု။ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်တွေက အနည်းစု။

အလ္လာ ဆိုတဲ့ အသုံးအနှုန်းက မူဆလင်တွေအတွက်ပဲ ဖြစ်ရမယ် ဆိုပြီး လွန်ခဲ့တဲ့ ၃ လ ဝန်းကျင် ကတည်းက မလေးရှား တရုံးတခုက သတ်မှတ်ခဲ့အပြီးမှာ အခုလို သိမ်းဆည်းမှု ပေါ်ပေါက်လာတာပါ။

 မလေးဘာသာနဲ့ပုံနှိပ်တဲ့ခရစ်ယာန်စာစောင်တခုကို အလ္လာ ဆိုတဲ့ အသုံးအနှုန်း သုံးခွင့်ပြုခဲ့ဖူးပါတယ်။
အခုတော့ သုံးခွင့်မပြုတဲ့အပြင် ပုံနှိပ်စာအုပ်တချို့သိမ်းဆည်းတဲ့သတင်း ထွက်လာတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်က ဆိုရင် ဒီလိုကိစ္စမျိုးအတွက် အကြမ်းဖက်မှုတွေ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ခရစ်ယာန်စာစောင်တခုမှာ အလ္လာ လို့ ရေးသားခဲ့ပြီးနောက်မှာ ခရစ်ယာန်ဘုရားကျောင်းတချို့ တိုက်ခိုက်ခံရတာပါ။  (အဲဒီ ပဋိပက္ခမှာ ဗလီတချို့လည်း တိုက်ခိုက်ခံရကြောင်း သိရပါတယ်)

မူရင်းသတင်းကို ဧရာဝတီပင်မစာမျက်နှာ http://www.irrawaddy.org/asia/malaysias-islamic-authorities-seize-bibles-allah-row-deepens.html မှာ ဖတ်နိုင်ပါတယ်။


A Muslim demonstrator displays a flag outside Malaysia’s Court of Appeals in Putrajaya, outside Kuala Lumpur, in August. A Malaysian court in October ruled that the Arabic word Allah was exclusive to Muslims, most of whom are ethnic Malays, the largest ethnic group in the country alongside sizeable Christian, Hindu and Buddhist minorities. (Photo: Reuters)

ဧရာဝတီ သတင်း