အေတီချောင်းတွင် တံတားသစ်တစ်စင်း ထပ်မံတည်ဆောက်

ပို့စ်တင်ချိန် - 1/01/2014 09:30:00 PM


လားရှိုး၊ ဇန်နဝါရီ ၁။

လားရှိုးမြို့၊ အထွက်(မူဆယ်ဘက်သို့သွားလမ်း)သိန်နီ လမ်းမကြီးပေါ်ရှိ အေတီချောင်း ပေါ်တွင် တံတားတစ်စင်း ထပ်မံတည်ဆောက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သိန်နီးလမ်းမကြီး၏ အနေအထားသည် တံတားထိပ်(မူဆယ်ဘက်သို့သွားလမ်း) တွင် ပစောက်ပုံသဏ္ဍန်  ချိုင့်ခွက် ဖြစ်နေသဖြင့် မိုးရာသီတွင် ချောင်းရေလျှံတက်ကာ ယင်းချိုင့်ခွက်အတွင်းသို့ ရေများမှာလမ်းမကြီးပေါ်အထက်သို့ ၅ပေကျော်မြင့်တက်လေ့ရှိသည်။

အေတီချောင်းပေါ်တွင် တံတားတစ်စင်း ရှိပြီးဖြစ်သော်လည်း ယင်းချိုင့်ခွက်တွင် ရေများလျှံသဖြင့် ကား၊ဆိုင်ကယ်များ
ဖြတ်သန်းသွားလာမရသဖြင့် ခရီသွားပြည်သူများနှင့် ကျောင်းသား/သူများအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် တံတားသစ်ကိုတည်ဆောက်ရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးတာဝန်ရှိသူတစ်ဦးက
“ အခု တံတားသစ်ကို ယင်းချိုင့်ခွက်ပေါ်မှာ တည်ဆောက်မှာပါ၊ တံတားဆောက်လုပ်ရတာကလဲ၊အဓိက မိုးရာသီဆို
ဒီချိုင့်ခွက်ထဲမှာကရေကြီးပြီးရေလျံဖြစ်တတ်လိုပါ့၊ ပြီးရင် ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင်
ကျောင်းသူ/သားတွေသွားလာရေးလွယ်ကူစေတဲ့သဘောနဲ့ဆောက်တာပါ” ဟု ပြောသည်။
ယခု တံတားသစ်မှာ အရှည် ပေ ၁၆၀၊ အကျယ်ပေ ၄၀ ရှိကာ နှစ်လမ်းသွား၊ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်သည်။  ယမန်နှစ်က ၎င်းလမ်းမပေါ် ရေလွမ်းရေကြီးမှုမျာဖြစ်သဖြင့် နည်းပညာတက္ကသိုလ် (လားရိုး ) ၏အတန်းတင် စာမေးပွဲ (ပထမနေ့)အား နည်းပညာတက္ကသိုလ် ၌ကျင်းပနိင်ခဲ့ခြင်းမရှိဘဲ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ရသည်။

အဆိုပါတံတားသစ်တည်ဆောက်ခြင်းအား နည်းပညာတက္ကသိုလ် ကျောင်းသား တစ်ဦးက “အခုလို တံတားသစ် ထပ်ဆောက်တော့ ပိုပြီးကောင်းပါတယ်၊အရင်နစ်တွေဆို မိုးရွာ လို့ ရေကြီးရင် ကျောင်းကို သွားလာလို့ မရတော့ဘူး၊ အခက်အခဲတွေအမျာကြီး ရှိတယ်၊ အသစ်ထပ်ဆောက်တော့ အာလုံးအတွက် အဆင်ပြေ သွားတာပေါ့၊ ကျွန်တော်တို့ အတွက်ရော ခရီသွားပြည်သူတွေအတွက်ပါ၊ မြို့ရဲ့ဂုဏ်သိက္ခာလဲ ရှိလာတာပေါ့၊ မဟုတ်ရင် မိုးရွာတိုင်းလားရှိုးရေကြီးတဲ့ သတင်းတွေပဲ နေ့တိုင်းဖတ်နေရတာ၊ မြို့ခံတစ်ဦးအနေနဲ့ ရှက်မိတယ်”ဟု ပြောသည်။

ယင်းအကျိုးဆက် များကြောင့် တရုတ်-မြန်မာ နစ်နိင်ငံ ကုန်စည်စီးဆင်း မူများ ခေတ္တပြတ်တောက်ခဲ့ရ သည်။ ယခုတံတားသစ်ကို ၂၀၁၃၊ ဒီဇင်ဘာလမှ စတင်တည်ဆောက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကာ အေးရှားဝေါလ်ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
စိုးမင်းနိုင်၊ကောင်းမြတ်စံ။
The Myanma Age