ဆီလီကာနှင့် ထိတွေ့မိခြင်းက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေ

ပို့စ်တင်ချိန် - 1/27/2014 08:18:00 PM


ဆီလီကာနှင့် ထိတွေ့မိခြင်းက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနယ်ပယ်ပေါင်းစုံမှ စမ်းသပ်လေ့ လာထားသော သုံးသပ်ချက် တစ်ခု အရ ဆီလီကာနှင့် ထိတွေ့ခြင်းဟာ အဆုတ် ကင်ဆာဖြစ်နိုင်ခြေကို မြင့် တက်စေတယ်လို့ အမေရိကန် သုတေ သီများက ဆိုပါတယ်။

အမေရိကန် ကင်ဆာ အဖွဲ့အစည်း မှ သုတေသီ အဲလစ်ဇဘက်ဝါ့ဒ်နှင့် အန်မရွိုင်း တက္ကသိုလ်မှ သုတေသီ များဟာ အမေရိကန်အမျိုးသားများ နှင့် အမျိုးသမီးများအကြား ကင်ဆာ ရောဂါကြောင့် သေဆုံးရခြင်းများတွင် အဆုတ်ကင်ဆာကြောင့် သေဆုံးရ ခြင်းသည် အဓိကအကြောင်းရင်းတစ် ခုဖြစ်ကြောင်း၊ ဆေးလိပ်ငွေ့သည် ကင်ဆာဖြစ်စေနိုင်သော အကြီးမား ဆုံးအချက်တစ်ခုဖြစ်ကြောင်း ပြောပါ တယ်။

သို့သော်လည်း ရေဒွန်၊ Asbestors ၊ ဆီလီကာနဲ့ လေထုညစ် ညမ်းခြင်းတို့ ကလည်း ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်ခြေကို မြင့်တက်စေပါ တယ်။ ဆီလီကာ ဆိုသည်မှာ ဆောက် လုပ်ရေး၊ သတ္တု တူးဖော်ရေးနှင့် ကုန်ထုတ်လုပ်ရေး စသည့် စက်မှု လုပ်ငန်း များတွင် အသုံးပြုသော အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်တို့တွင် တွေ့ရှိ ရသော သတ္တုတစ်မျိုး ဖြစ်ပါတယ်။ အလုပ်သမား များသည် ဆီလီ ကာကို နည်းလမ်း အမျိုးမျိုးနဲ့ ထိတွေ့ မိနိုင်ပါတယ်။ ဆီလီကာ ပါဝင်သော ပစ္စည်းများကို လွှတိုက်ခြင်း၊ ဖြတ် တောက်ခြင်း၊ ဖြိုခွဲခြင်း ပြုလုပ် သည့်အခါ ဆီလီကာ အမှုန်များကို ရှူရှိုက်မိနိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှ လုပ် သား ၂.၂ သန်းဟာ နှစ်စဉ် ဆီလီ ကာအမှုန်တွေနဲ့ ထိတွေ့မိနေပါတယ် လို့ လုပ်ငန်းခွင်လုံခြုံရေးနှင့် ကျန်းမာ ရေးဌာနမှ ထုတ်ပြန်ထားပါတယ်။

Health Digest