ယောင်္ကျားဖြစ်သူက ခြေထောက်နဲ့ ၂ ချက်ကန်မှုအောက်မှာ အသက်ဆုံးခဲ့ရတဲ့ ဇနီးသည်

ပို့စ်တင်ချိန် - 1/08/2014 06:26:00 PM


စစ်ကိုင်းဒေသကြီး၊ ပင်လည် ဘူးမြို့၊ မိုးကောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၃ ရက်က လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းပေးပို့ သဖြင့် ပင်လည်ဘူးရဲစခန်းတွင် ခေတ်္တတာဝန်ထမ်းဆောင်နေသော စခန်းမှူးရဲအုပ်အောင်အောင်သည် ဒီဇင်ဘာ ၅ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်တွင် သွားရောက်၍ စစ်ဆေးရာသေဆုံးသူမှာ မစန်း ထွေး၊ ၃၈ နှစ်၊ မိုးကောင်းရပ် ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်း သေဆုံးမှုမှာ ဓမ္မတာအတိုင်းသေ ဆုံးခြင်း ဟုတ်၊ မဟုတ်ကိုစစ်ဆေး ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ပင် လည်ဘူးရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၄/၂၀၁၃ဖြင့် အမှု ဖွင့်စစ်ဆေးခဲ့သည်။ ယင်းနောက် မည်သည့်အတွက်ကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်းကို မြို့နယ် ကျန်းမာရေးဦးစီးမှူးထံ ဆေးစာ ထင်မြင်ချက်တောင်းခံခဲ့ရာ ၎င်းင်း၏ ဆေးစာပြန်ကြားချက်တွင် သေ ဆုံးသူ မစန်းထွေး၏ ဘယ်ဘက် နံဘေးတွင် ပြင်းထန်သောထိခိုက် ဒဏ်ရာကြောင့် ဘေလုံးကွဲဒဏ် ရာရရှိပြီး ၀မ်းခေါင်းအတွင်းပိုင်းသို့ သွေးယိုစီးမှုဖြစ်ပေါ်ကာ သေဆုံး ရခြင်းဖြစ်ကြောင်း ထင်မြင်ချက် ပြန်ကြားခဲ့သည်။

ထို့ကြောင့် အမှုစစ်ကသေဆုံး သူနှင့်ပတ်သက်၍ ထောက်လှမ်း စုံစမ်းခဲ့ရာ သေဆုံးသူ မစန်းထွေး နှင့် ခင်ပွန်းဖြစ်သူ ရန်မျိုးအောင် တို့မှာ ဒီဇင်ဘာ ၃ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က လင်မယား အချင်းများခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုတွင် ခင်ပွန်းဖြစ် သူက ဒေါသအလျှောက်စိတ်လိုက် မာန်ပါဖြင့် ဇနီးဖြစ်သူ မစန်းထွေး ၏ ၀မ်းဗိုက်ဘယ်ဘက်နံဘေးကို ခြေထောက်ဖြင့်နှစ်ချက်ကန်ခဲ့ ကြောင်း၊ ထိုကန်ချက်ကြောင့် မစန်းထွေးမှာ ဘေလုံးကွဲသွားပြီး ၀မ်းခေါင်းအတွင်းပိုင်းသို့ သွေး ယိုစီးကာသေဆုံးခဲ့ရခြင်းဖြစ်နိုင် ကြောင်း စုံစမ်းသိရသဖြင့် ပင် လည်ဘူးမြို့နယ်ရဲစခန်းသို့ ရန် မျိုးအောင်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါအမှုကို ပင်လည်ဘူး မြို့နယ်ရဲစခန်းမှ (ပ)၁၅၂/၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေ ကြောင်း သိရသည်။

ရွှေလင်းပြည့်စုံ
Hot News Journal