နှစ်သစ်ကူးညတွင် ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိသူများတွင် ဆိုင်ကယ်တိုက်မှုအများဆုံးပါဝင်ဟုဆို

ပို့စ်တင်ချိန် - 1/02/2014 06:30:00 AM

မန္တလေး၊ ဇန်နဝါရီလ ၁။
မန္တလေးပြည်သူ့ ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ Happy New Year
ညတွင် ထိခိုက်မှုများကြောင့် လာရောက်ကုသသူများတွင် ဆိုင်ကယ်တိုက်မှုဖြင့် ရောက်ရှိလာသူမှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာခိုက် ရန်ဖြစ်ပွားခြင်းကြောင့် ရောက်ရှိလာသူများဖြစ်ကြောင်းမ န္တလေး ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ရဲအရာရှိထံမှသိရသည်။

ဒီဇင်ဘာလ၃၁ရက် ညက ဆိုင်ကယ်ချင်းချင်းတိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် အရေးပေါ်ဌာနသို့ ရောက်ရှိလာကြသူဦးရေ ၆၀နီးပါးရှိကြောင်းသိရသည်။

“ဓားနဲ့ ခုတ်တာတွေရော၊ အုတ်နီခဲနဲ့ ရိုက်ခံရတာတွေကော အများကြီးပဲလာတယ်။ သေဆုံးတဲ့ သူတော့ မရှိသေးဘူး”ဟု လည်း ၎င်းတာဝန်ကျရဲအရာရှိကဆိုသည်။

ယင်းသို့ လာရောက်သော လူဦးရေ(၅၆)ဦးတွင် အမျိုးသမီး(၁၁)ဦး ပါဝင်နေကြောင်း၊ ယင်း၅၆ဦးမှာ အသက် ၂၀ကျော် ၃၀ ဝန်းကျင် လူငယ်များသာ ဖြစ်ကြောင်းလည်း သိရသည်။
ယင်းပြင်တရုတ်နိုင်ငံလုပ် ယမ်းအားများသည့် ဗြောက်အိုးဖောက်ခွဲမှုကြောင့် ဝဲလက်သန်းပြတ်ရှ၊ မျက်နှာသို့ယမ်း စင်သည့် ဒဏ်ရာများဖြင့် ရောက်ရှိလာသူများလည်းရှိကြောင်း၊ ၎င်းစာရင်းသည် ဒီဇင်ဘာည၉နာရီမှ မနက်၃နာရီအထိ စာရင်းဖြစ်ကြောင်းလည်းသိရသည်။
လူလူ
The Myanma Age